DVB Logo
Home
မြန်မာသတင်း
ရေရှည်တည်တံ့သည့် အစိမ်းရောင်ဆွေးနွေးပွဲ ပြုလုပ်မည်
DVB
·
October 31, 2011
Donate to DVB

အစိမ်းရောင် စီးပွားရေးနဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို နေပြည်တော်နဲ ရန်ကုန်မြို့တို့မှာ နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက်ထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အမေရိကန်၊ နော်ဝေတို့အပါအ၀င် နိုင်ငံပေါင်း ၉ နိုင်ငံက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်တွေ တက်ရောက်ပြီး စာတမ်းပေါင်း ၃၀ ကျော် ဖတ်ကြားဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို  မြန်မာနိုင်ငံမှာ ပထမဆုံးပြုလုပ်တာဖြစ်ပြီး ပြုလုပ်ဖို့ ဖြစ်လာပုံကို အစိမ်းရောင်စီးပွားရေးနဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး (Green Economy & Green Growth) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကိုကို(စက်မှုတက္ကသိုလ်)က ခုလို ပြောပါတယ်။

“ဒီပွဲလေးဖြစ်လာအောင် တကယ်လုပ်တဲ့ ပုဂ္ဂိုလ်ကတော့ အမေရိကန် ပြည်ထောင်စုမှာနေတဲ့ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံသား ဆရာဒေါက်တာနေထွန်းဖြစ်ပါတယ်။ ဒေါက်တာနေထွန်းက မြန်မာနိုင်ငံကို ဧပြီလလောက်မှာ ရောက်ရှိလာပါတယ်။ ရောက်လာပြီးတော့ ဒေါက်တာနေထွန်းက နိုင်ငံတကာမှာလည်း ဒီလိုမျိုး ညီလာခံတွေကို သူက ဦးစီးလုပ်ပေးနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ မြန်မာနိုင်ငံမှာလည်း ဒါမျိုးတခုလုပ်ချင်တယ်ဆိုပြီး သူနဲ့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖိတ်ပါတယ်။ ဖိတ်ပြီးတော့ အလွတ်သဘောပြောဆိုပါတယ်။ ပြောဆိုရင်းနဲ့ လုပ်ကြရအောင် ဆိုပြီးတော့ အဲဒီအဖွဲ့ပေါ့၊ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့ဆိုပြီး ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအဖွဲ့လေးက လုပ်ရင်းနဲ့မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလည်း အရေးပါတဲ့အချိန်လည်းဖြစ်တယ်။ နောက် နိုင်ငံတော် အပိုင်းကလည်း စိတ်ဝင်စားလာတဲ့ အပိုင်းဖြစ်တဲ့အတွက်ကြောင့် အခုလို နေပြည်တော် ၂ ရက်၊ ရန်ကုန် ၂ ရက်ဆိုပြီးတော့ ခွဲပြီးလုပ်လိုက်တာပါ။ ကျနော်တို့အဖွဲ့က အန်ဂျီအိုလည်း မဟုတ်ဘူး။ စေတနာနဲ့ အကျိုးဆောင်ထားတာ။”

ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်တွင်းပြည်ပ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့တွေ၊ ၀န်ကြီးဌာနတွေ၊ အန်ဂျီအိုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေစုစုပေါင်း ပရိသတ်သုံးရာလောက်  ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ရန်ကုန်မှာကျင်းပမယ့် အစိမ်းရောင်စီးပွားရေးဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

ဆွေးနွေးပွဲခေါင်းစဉ်က တော်တော်များများအတွက် စိမ်းနေနိုင်တာမို့ ဆွေးနွေးပွဲပြုလုပ်ရတဲ့ အကြောင်းကိုလည်း ခုလိုရှင်းပြခဲ့ပါတယ်။

“အစိမ်းရောင် စီးပွားရေးနဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံကတော့ စိမ်းလန်းသော လူမှုပတ်ဝန်းကျင်စရိုက် ဟန်ပန်တွေနေထိုင်ဖို့ ဖြစ်ပါတယ်။ နောက်တခုက ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ကျနော်တို့ အမြဲတမ်းပြောနေတာ တခုရှိပါတယ်။ ကမ္ဘာကြီးသာပျက်သွားရင် ကျနော်တို့လူတွေ ဘယ်ကိုမှ ပြေးစရာနေရာမရှိဘူးတဲ့။ အဲဒီတော့ ကျနော်တို့က ကမ္ဘာကြီးမပျက်အောင်လို့ ထိန်းသိမ်းဖို့တော့ တကယ်လိုပါတယ်။ အဲဒီတော့ ပညာရှင်တွေလာပြီးတော့ မြန်မာပြည်မှာ ဆွေးနွေးတယ်ဆိုတာကလည်း ကမ္ဘာကြီးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လာရင် အထူးသဖြင့် climate change ပေါ့။ climate change ပတ်သက်ရင် အခု မီးနီလင်းတဲ့ အဆင့်ကိုရောက်နေပါပြီ။ အဲတော့ ကျနော်တို့ လုပ်တဲ့လေးကို ၀ိုင်းပြီး တဦးချင်းစီ ကူညီထိန်းသိမ်းပေးရင်တော့ ဆွေးနွေးပွဲမှာ ကျနော်တို့ဖွံ့ဖြိုးတိုးတက်မှုက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရလိမ့်မယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။”

ဆွေးနွေးပွဲ လာတက်ကြတဲ့ ပြည်ပ ပညာရှင်တွေနဲ့မီဒီယာအဖွဲ့တွေ သီးသန့်တွေ့ဆုံနိုင်ဖို့ စီစဉ်ထားပြီး ပညာရှင်တွေထဲမှာ အမေရိကန်အခြေစိုက် နိုဘယ်လ်ဆုရအဖွဲ့တခုဖြစ်တဲ့ IPCC - Intergovernmental Panel on Climate Change က အဖွဲ့ခေါင်းဆောင်  ဒေါက်တာရာဂျန်ဒရာပူချရီ ဆိုသူလည်း ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013