Home
မြန်မာသတင်း
တောင်ပြိုမြို့နယ်က ပညာရေးဝန်ထမ်းများကို ရဟတ်ယာဉ်နှင့် ဘေးကင်းသည့်နေရာပို့
DVB
·
October 13, 2016
တောင်ပြိုမြို့နယ်အတွင်း ရောက်ရှိနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ၀န်ထမ်းတွေကို ဒီကနေ့မှာ တပ်မတော်ရဟတ်ယာဉ်တွေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်နေပါတယ်။ တောင်ပြိုမြို့နယ် အ.ထ.က မှာ စုထားတဲ့ ကျောင်းဆရာ၊ ဆရာမ ၁၇၀ ကျော်ကို တပ်မတော် ရဟတ်ယာဉ်တစီးကို ၂၅ ဦးတင်ဆောင်ပြီး ဘူးသီးတောင်ဘက် တင်ဆောင်နေတယ်လို့ ဒီဗွီဘီရဲ့ နယ်မြေခံ သတင်းထောက် ကိုအောင်က ပြောပါတယ်။ “တောင်ပြိုနယ်မှာရောက်နေတဲ့ ဆရာမတွေနဲ့ ၀န်ထမ်းတွေပေါ့လေ။ အများစုကတော့ ကျောင်းဆရာမတွေပေါ့။ သူတို့ကို ရဟတ်ယာဉ်တွေနဲ့ ဘေးကင်းတဲ့နေရာကို ပို့တယ်။ ဘူးသီးတောင်ကို ပို့မယ်လို့တော့ သိထားရတာဗျာ။ အဲဒါ သူတို့ကို မနက်ဖြန်ခါကျတော့ အမြန်ယာဉ်တွေနဲ့ စစ်တွေမြို့ကို ပို့ပေးမယ်ဆိုပြီးတော့ သိထားရတယ်ဗျာ။” အဆိုပါ ဆရာမတွေဟာ တောင်ပြိုမြို့နယ်အတွင်းက ကျေးရွာတွေက ကျောင်းဆရာ၊ ဆရာမတွေဖြစ်ပြီး မနေ့တုန်းက တောင်ပြိုကို ရောက်ရှိလာခဲ့ကြတာလို့ တောင်ပြိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ပြောပါတယ်။ အဆိုပါဆရာ၊ ဆရာမတွေဟာ မောင်တောနဲ့ စစ်တွေမြို့တွေကို သွားမယ့်သူတွေ ဖြစ်တယ်လို့လည်း ဦးသန်းအောင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024