အိမ်ပိုင်မရှိသည့်ဝန်ထမ်းများကို တန်ဖိုးနည်းအိမ်ရာများ အထူးစနစ်ဖြင့် ရောင်းချပေးမည်

  အိမ်ပိုင်မရှိတဲ့ဝန်ထမ်းတွေကို တန်ဖိုးနည်းအိမ်ရာတွေ အထူးစနစ်နဲ့ ရောင်းချပေးမယ်လို့ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ အိမ်ပိုင်မရှိတဲ့လုပ်သက်ရင့်ဝန်ထမ်းတွေကို မဲစနစ်နဲ့မဟုတ်ဘဲ အထူးစနစ်နဲ့ တန်ဖိုးနည်း အိမ်ရာတွေ ရောင်းချပေးသွားမယ်လို့ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၁၃ ရက်နေ့မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။ ဝန်ထမ်းတွေ တန်ဖိုးနည်းအိမ်ရာတွေဝယ်နိုင်ဖို့ ငွေစုငွေချေး စနစ်တွေ အရစ်ကျစနစ်တွေ ကိုလည်း စီစဉ်နေတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ အဲဒီအထူးစနစ်ကို လာမယ့် ၂၀၁၇ ဘဏ္ဍာနှစ်မှာ စတင်အကောင်အထည်ဖော်နိုင်မယ်လို့ လည်း သိရပါတယ်။ သတင်း - ဇေယျာချမ်းအေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up