DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးတွင် တရားမ၀င် ပိတောက်သစ်ခွဲသားများ တင်လာသည့်ကား ဖမ်းမိ
DVB
·
October 12, 2016
ကျောက်တံခါးတွင် တရားမ၀င် ပိတောက်သစ်ခွဲသားများ တင်လာသည့်ကား ဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၃ မိုင်အနီးမှာ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းက ပိတောက်သစ် ၃ တန်ကျော် တင်ဆောင်လာတဲ့ ၆ ဘီးယာဉ်တစီးကို ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ယာဉ်မောင်း ဦးကြည်မျိုးမင်၊ ယာဉ်နောက်လိုက် ဇော်မင်းထိုက်တို့ လိုက်ပါလာတဲ့ ယာဉ်အမှတ် 6H/6050 ဖူဆို ၆ ဘီး အဖြူရောင်ယာဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၃ မိုင် ၃ ဖာလုံနဲ့ ၄ ဖာလုံအကြားမှာ ကလပ်ဘရိတ်ပြားကြွေလို့ လမ်းဘေးချရပ်ထားစဉ် ဖမ်းဆီးခံခဲ့ရတာပါ။

ရပ်ထားစဉ် ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ သစ်တောဦးစီဌာနမှ တာဝန်ရှိသူတွေက ရပ်ထားတဲ့ယာဉ်ကို မသင်္ကာလို့ စစ်ဆေးခဲ့ရာ ၆ ဘီးယာဉ်ပေါ်မှ အရှည် ၁၀ ပေခန့်၊ လုံးပတ် အလျားအနံ ၁၀ လက်မစီ ပတ်လည်ရှိ တရားမ၀င် ပိတောက်သစ်ခွဲသား ၂၈ တုံး၊ကုဗ ၃.၆ တန်ကျော်အားဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက "ကားကတော့ ရန်ကုန်ကနေ တောင်ငူဘက်ကိုကုန်ပို့ပြီး အပြန်မှာ တောင်ငူသံတောင်ဘက်က ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းကအပြန်မှာဝယ်တင်လာတယ်လို့ ပြောပါတယ်။ ကျနော်တို့က လမ်းဘေးမှာ ရပ်ထားတာကိုတွေလို့ ပြီးတော့ အလုံပိတ်ထားတယ်လေ ကားက။ အဲဒါနဲ့မသင်္ကာလို့ စစ်တော့မိတာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

တရားမ၀င်ပိတောက်သစ်ခွဲသာတွေ တင်လာတဲ့ ၆ ဘီးယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို မြို့ချောင်းသစ်တောမှ တောအုပ်ကြီး ဦးကျော်ခင်က အမှုဖွင့်အရေးယူနိုင်ဖို့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း) ဓာတ်ပုံ - ကျောက်တံခါးသစ်တောဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013