နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့ တွေ့ဆုံ

အကြမ်းဖက်ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်ရေးအတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေ မှာ  လိုအပ်တဲ့  ပူးပေါင်းကူညီပံ့ပိုးမှုတွေ  ပြုလုပ်ရေး ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဌာနတို့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman တို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ  တွေ့ဆုံခဲ့ကြတာပါ။ ရခိုင်ပြည်နယ်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တွေမှာ  ဖြစ်ပွားခဲ့တဲ့  ဖြစ်စဉ်တွေ နဲ့စပ်လျဉ်းပြီး အသိပေးပြောကြားခဲ့ပါတယ်။ အမြဲတမ်းအတွင်းဝန်က နှစ်နိုင်ငံ နယ်စပ်ဒေသများလုံခြုံရေး၊ အကြမ်းဖက် ကျူးလွန်ခဲ့သူ တွေကို  ဖော်ထုတ်ရေးတို့မှာ  လိုအပ်တဲ့  ပူးပေါင်းကူညီပံ့ပိုးမှုတွေ ပြုလုပ်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့တယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ပါတယ်။

More News
Up