ကျဆုံးရဲဝန်ထမ်းများ၏ မိသားစုကို ထိရောက်စွာ ပံ့ပိုးကူညီရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရမှုမှာ ကျဆုံးသွားတဲ့ ရဲအမှုထမ်းတွေရဲ့ မိသားစုတွေကို ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ်လို့ သမ္မတရုံး ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို နှိမ်နင်းရာမှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံက လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မနက်က ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်း ၃ ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲအရာရှိတဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးသွားခဲ့တာပါ။ ကျဆုံးရဲဝန်ထမ်းတွေကတော့ အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဒု-ရဲအုပ်သိန်းကျော်ထိုက် (အသက် ၃၁ နှစ်)၊ ရဲတပ်ကြပ်ထွန်းနိုင်ဦး (အသက် ၄၃ နှစ်)၊ ရဲဒု-တပ်ကြပ်ဇာနည်ထက် (အသက် ၂၃ နှစ်)၊ ရဲဒု-တပ်ကြပ်ဇော်နိုင်ထွန်း (အသက် ၂၆ နှစ်)၊ ရဲဒု-တပ်ကြပ် သိန်းလင်းအောင် (အသက် ၂၆ နှစ်)၊ ရဲတပ်ကြပ်ကြီး ဇော်ထွန်း (အသက် ၄၄ နှစ်)၊ ရဲတပ်သားကျော်မိုး (အသက် ၂၆ နှစ်)၊ ရဲတပ်သားကျော်ကိုကိုရွှေ (အသက် ၂၆ နှစ်)၊ ရဲတပ်သားဇော်နိုင်ထွန်း (အသက် ၂၄ နှစ်) တို့ ဖြစ်တယ်လို့ မြန်မာရဲတပ်ဖွဲ့ နာရေးကြော်ငြာအရ သိရပါတယ်။ ဓာတ်ပုံ - အောင်ကိုကို  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up