Home
မြန်မာသတင်း
ဥပဒေဝန်ထမ်းများ ပြည်သူ့မျက်နှာ ကြည့်ကြရန် တိုက်တွန်း
ဇေယျာချမ်းအေး
·
October 11, 2016
ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ ဥပဒေဝန်ထမ်းအားလုံး ပြည်သူ့မျက်နှာကို ကြည့်ကြဖို့ အငြိမ်းစား ဥပဒေအရာရှိကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ အရင်အစိုးရအဆက်ဆက်မှာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးခဲ့တဲ့အတွက် ဥပဒေအရာရှိတွေအနေနဲ့ ပြည်သူနဲ့ အစိုးရကြားမှာ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ကြရပါတယ်။ အခုအချိန်မှာတော့ ဒီမိုကရေစီအစိုးရ တက်လာပြီ ဖြစ်တဲ့အတွက် အစိုးရ ဥပဒေအရာရှိတွေ၊ ဝန်ထမ်းတွေအားလုံးဟာ ပြည်သူ့မျက်နှာကိုသာ ကြည့်ဖို့အချိန် ဖြစ်လာပြီလို့ အငြိမ်းစား ဥပဒေအရာရှိကြီးတွေက အောက်တိုဘာ ၉ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သက်ကြီး အငြိမ်းစားဥပဒေအရာရှိကြီးများ ကန်တော့ပွဲအပြီးမှာ ပြောဆိုလိုက်တာပါ။ ရှေ့နေချုပ်ရုံး အငြိမ်းစားဒု-ညွှန်မှူး ဦးခင်မောင်မြင့်က “ဒီနေ့ ဝန်ထမ်းတွေ အပါအဝင် အငြိမ်းစားတွေလည်း ပါတာပေါ့လေ။ စားနေတဲ့ ထမင်းရှင်တွေက ဘယ်သူတွေလဲ။ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေ။ နောက် ပြည်သူပြည်သားတွေရဲ့အကျိုးကို တတ်စွမ်းနိုင်သမျှ မစွမ်းဆောင်နိုင်တာတော့ မပြောလိုပါဘူး။ တတ်စွမ်းနိုင်သမျှ စွမ်းဆောင်ရမယ့်အပြင် တိုင်းပြည်ရဲ့အကျိုး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြပါစေ၊ ထမ်းဆောင်ကြပါလို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ သက်တမ်း ၆ လ ကျော်လာပြီးတဲ့နောက် တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ရပ်တည်မှုဟာ အရင်အစိုးရတွေ လက်ထက်ကထက် အခြေအနေ ပိုကောင်းလာတယ်လို့ အငြိမ်းစားဥပဒေအရာရှိတဦးက သုံးသပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဟန်ထူးက “ကောင်းလာပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024