Home
မြန်မာသတင်း
ရွှေပြည်သာအမတ်နှင့် မြောင်းမြအမတ်တို့ကို ဥပဒေအတိုင်း လုပ်ဆောင်မည်ဟု ဆို
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 9, 2016
untitled-1
ရွှေပြည်သာ KTV တခုမှာ လွှတ်တော်ကိုယ်စားတဦး မူးယစ်ရမ်းကားမှုနဲ့ မန္တလေးမှာ လွှတ်တော် ကိုယ်စားလှယ်တဦး အိမ်ထောင်ရေးဖောက်ပြန်တဲ့ ကိစ္စတွေကို ဥပဒေအတိုင်း ဆောင်ရွက်သွား မယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ ဒီနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်းက ယူနီစန် စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ လစဉ် ပုံမှန်အစည်းအဝေးအပြီးမှာ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သတင်းထောက်တွေကို ပြောခဲ့တာပါ။ “ရွှေပြည်သာကိစ္စကတော့ တရားဥပဒေအတိုင်းပဲ။ သူတို့က ၀င်စွက်စရာအကြောင်းမရှိဘူး။ မန္တလေးမှာ ဖြစ်တဲ့ လူငယ်ခေါင်းဆောင်စိုးမိုးသူ ဒါလည်း ဥပဒေအတိုင်းပဲ ဘာမှဝင်မစွက်ဘူး။” ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ အုပ်ချုပ်မှုပိုင်းဝင်ရောက်စွက်ဖက်မယ်ဆိုရင်တော့ ဥပဒေ အကြောင်းရ အရေးယူသွားမယ်လို့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်ထိန်က ပြောပါတယ်။ "လွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြောင်းကလူ၊ အုပ်ချုပ်မှုဆိုတာသက်သက် ဥပဒေ ကြောင်းကလူက အုပ်ချုပ်မှုပိုင်းကလူနဲ့သွားပြီးမရောနဲ့ မစွက်ဖက်နဲ့သွားပြီး စွက်ဖက်ရင် ပြဿ နာ တတ်မယ် အဲ့ဒါဆို ဥပဒေအကြောင်းရပဲအရေးယူမယ် ကျနော်တို့က ဝင်ပြီးတော့ ပါမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ရှင်းကြ။" ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်ရှိတာပြင်ဆင်ဖို့၊ လူငယ်တွေ ပြန်လည် ဖွဲ့စည်းဖို့၊ လူငယ်တွေကဏ္ဍအတွက် တရုတ်ပြည်ကိုစေလွှတ်ဖို့၊ မကွေတိုင်းဒေကြီးမှာ ဖြစ်ပေါ် ခဲ့တဲ့ အစိုးရအဖွဲ့နဲ့ ပါတီအဖွဲ့အစည်း နည်းနည်းသဟဇာတမဖြစ်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။ ပါတီအနေနဲ့ တောင်ကြီးက ဒေါ်ခင်မိုးမိုးကိစ္စ (အယူခံဝင်တဲ့ကိစ္စ)နဲ့ ဝန်ကြီးချုပ်တွေကိုလည်း တိုင်းနဲ့ ပြည်နယ်တွေမှာ အလုပ်အကိုင်ဖန်တီးပေးဖို့တွေကိုဆွေးနွေးခဲ့တယ်လို့ ဦးဝင်ထိန်က ပြောဆိုခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ အားလုံးဝင်ရောက်ယှဉ်ပြိုင်ဖို့ကိုလည်း ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024