DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်​နှင့်​ ဦး​အောင်ကြည်တို့​​ ထပ်​မံ​တွေ့​ဆုံမည်
DVB
·
October 29, 2011
ဒေါ်​အောင်ဆန်း​စုကြည်​နှင့်​ ဦး​အောင်ကြည်တို့​​ ထပ်​မံ​တွေ့​ဆုံမည်
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရ ကိုယ်စားလှယ် ပြည်​ထောင်စု ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​အောက်တိုဘာ ၃၀ ရက် ​နေ့​ခင်း​ကျရင် အစိုး​ရ ဧည့်​ဂေဟာမှာ ထပ်မံ ​တွေ့​ဆုံမယ်လို့​ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှု​ဆောင် ဦးဝင်း​ထိန်က ဒီဗွီဘီကို ​ပြောပါတယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​နှင့်​​ ဦး​​အောင်​ကြည်​ ​တ​တိ​ယ​အ​ကြိမ်​ ​တွေ့ဆုံ​မှု​အ​ပြီး​​ ​သ​တင်း​စာ​ ​ရှင်း​လင်း​ပွဲ​တွင်​ ​တွေ့​ရ​စဉ်

အရင်​တွေ့​နေကျ ရန်ကုန်မြို့​ တက္ကသိုလ်ရိပ်သာလမ်း​က စိမ်း​လဲ့​ကန်သာ အစိုး​ရဧည့်​ဂေဟာမှာ ​နေ့​ခင်း​တနာရီ ​တွေ့​ဖို့​ သတ်မှတ်ချိန်း​ဆိုထား​ပြီး​ တပ်မ​တော်အစိုး​ရလက်ထက် ​တွေ့​ဆုံပွဲ​တွေထက် ပိုမို​မျှော်လင့်​နိုင်တယ်လို့​ ဦး​ဝင်း​ထိန်က ​ပြောပါတယ်။

“ထူး​ခြား​တာက​တော့​ အရင်တုန်း​က ၉ ခါ ​တွေ့​ဆုံတုန်း​က ​ကြေညာချက် မထုတ်ဘူး​။ အခု ​လေး​ကြိမ် ​တွေ့​ဆုံရာမှာ တခါ​တွေ့​တိုင်း​ တခါ တိုး​တက်မှု​တွေ ရှိ​တော့​ ဒါက ​မျှော်လင့်​ရမှာ​ပေါ့​။”

ဆွေး​နွေး​ရာမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စနဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီမှတ်ပုံတင်​ရေး​ကိစ္စ ပါဝင်နိုင်ဖွယ် ရှိမရှိ ​မေး​မြန်း​ရာမှာ ပြည်သူလူထု အကျိုး​ရှိတဲ့​ကိစ္စ​တွေ ​ဆွေး​နွေး​ကြလိမ့်​မယ်လို့​သာ ​ပြောဆိုနိုင်ပြီး​ အ​သေး​စိတ် မ​ပြောနိုင်ပါဘူး​လို့​လည်း​ ဆိုပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ တပ်မ​တော်အစိုး​ရလက်ထက် ဦး​အောင်ကြည်ကို ဆက်ဆံ​ရေး​ဝန်ကြီး​အဖြစ် ၂၀၀၇ ခုနှစ် ​အောက်တိုဘာ ၂၅ ရက်ကစလို့​ ၉ ကြိမ်​တွေ့​ခဲ့​ပါတယ်။

အစိုး​ရသစ်လက်ထက်မှာ ၃ ခါ ​တွေ့​ဆုံခဲ့​ရာမှာ ​နောက်ဆုံး​အကြိမ်က ဒီနှစ်စက်တင်ဘာ ၃၀ ရက်က ဖြစ်ပါတယ်။ ​နောက်ဆုံး​ ​တွေ့​ဆုံရာမှာ နှစ်ဖက် ပူး​တွဲ​ကြေညာချက်မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ဖို့​ သမ္မတက စဉ်း​စား​နေတဲ့​ကိစ္စ၊​ ဧရာဝတီမြစ်​ကြောင်း​ ထိန်း​သိမ်း​ရေး​ ပူး​ပေါင်း​ဆောင်ရွက်​ရေး​၊​ ဥပ​ဒေပြင်ပ လက်နက်စွဲကိုင်ဆန့်​ကျင်သူများ​ ဥပ​ဒေ​ဘောင်တွင်း​ ထာဝရငြိမ်း​ချမ်း​ရေး​ တည်​ဆောက်​ပေး​ဖို့​ အစိုး​ရက ကြိုး​ပမ်း​နေတဲ့​ကိစ္စနဲ့​ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​နဲ့​ တရား​ဥပ​ဒေစိုး​မိုး​ရေး​မှာ ပူး​တွဲ​ဆောင်ရွက်ဖို့​ ကိစ္စနဲ့​ ဆက်လက်​ဆွေး​နွေး​ဖို့​ သ​ဘောတူခဲ့​ကြပါတယ်။

ဝန်ကြီး​ဦး​အောင်ကြည်နဲ့​ နှစ်ကြိမ်​တွေ့​အပြီး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီနှစ်ဩဂုတ်မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ ဒီ​နောက် မကြာ​သေး​ခင်က သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ​ကျော် ပြန်လွတ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013