A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည်စွဲဆိုတဲ့​ တရား​ရုံး​မ​ထေမဲ့​မြင်မှုကို စစ်​ဆေး​ဖို့​ တရား​ရုံး​ကလက်ခံ

မြန်မာ့​ဒီမိုက​ရေစီလှုပ်ရှား​မှု ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က အကိုဦး​အောင်ဆန်း​ဦး​ အပါအဝင် လူပုဂ္ဂိုလ်သုံး​ဦး​အ​ပေါ် တရား​ရုံး​မ​ထေမဲ့​မြင်မှုနဲ့​ စွဲဆိုထား​တဲ့​အမှုကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ကြား​နာစစ်​ဆေး​ဖို့​ မ​နေ့​ ​အောက်တိုဘာ ၂၈ ရက်​နေ့​က လက်ခံလိုက်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်က အကို ဦးအောင်ဆန်း​ဦး​နဲ့​ ​မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦး​မြတ်ခိုင်၊​ ဂျာနယ်ထုတ်​ဝေသူ ဝဏ္ဏ​ကျော်ထင် ဦး​လှမြင့်​တို့​အ​ပေါ် စွဲဆိုတဲ့​အမှုကို ဒီလ ၂၇ ရက်​နေ့​မှာ လက်ခံ​ရေး​ ​လျှောက်လဲချက်​​ ပေး​ခဲ့​ပြီး​ ​နောက်တ​နေ့​မှာ အမှုလက်ခံလိုက်တာလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ တရား​ရုံး​ချုပ်​ရှေ့​နေ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။ အမှုကို လက်ခံပြီး​တဲ့​အတွက် ဦး​အောင်ဆန်း​ဦး​နဲ့​ ဦး​မြတ်ခိုင်တို့​ထံကို နို့​တစ်စာ ​ပေး​ပို့​ပါလိမ့်​မယ်လို့​ သူက ​ပြောပါတယ်။ အမှုက​တော့​ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် လက်ရှိ​နေထိုင်​နေတဲ့​ ရန်ကုန်မြို့​ ​ရွှေတောင်ကြား​ ၁ ရပ်ကွက်၊​ ဗဟန်း​မြို့​နယ်၊​ အိမ်အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ် ပိုင်ဆိုင်မှုနဲ့​ စပ်လျဉ်း​တဲ့​အမှုကို တရား​ရုံး​က တစုံတရာ အမိန့်​ မချမှတ်ခင် ​မော်နီတာဂျာနယ်နဲ့​ ဦး​အောင်ဆန်း​ဦး​တို့​ ​တွေ့​ဆုံ​မေး​မြန်း​ခန်း​မှာ ဦး​အောင်ဆန်း​ဦး​က အမှုနိုင်ပြီး​ ဖြစ်​ကြောင်း​ ​ပြောဆိုချက်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို စွပ်စွဲ​ပြောဆိုချက်​တွေ ​ဖော်ပြခဲ့​တဲ့​အတွက် တရားရုံး​ကို မ​ထေမဲ့​မြင် ပြုမူမှုနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​စွဲဆိုခဲ့​တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up