DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့် ၃ ဦး လည်လှီးအသတ်ခံရပြီး လက်နက် ၁၀၀ ကျော်ပျောက်ဆုံးဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြော
DVB
·
October 9, 2016
နယ်ခြားစောင့် ၃ ဦး လည်လှီးအသတ်ခံရပြီး လက်နက် ၁၀၀ ကျော်ပျောက်ဆုံးဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြော
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်ဌာနချုပ်အပါအ၀င် စခန်း ၃ခုကို ဒီနေ့မနက် ၁ နာရီခန့်ကစပြီး RSO rohingya solidarity organization ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

မောင်တောမြို့၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးမောင်ရှိန်က “မောင်တော်မြို့နယ်က စခန်း ၃ခုကို အာအက်စ်အိုတွေက ၀င်သိမ်းတဲ့ အနေအထားပါ၊ ကိုးတန်ကောက်၊ နယ်ခြားစောင့်ဌာနချုပ်နဲ့ ငခူရ နယ်မြေတွေကို ဒီနေ့မနက် ၁ နာရီကျော်လောက်မှာ တချိန်ထဲ ၀င်စီးတယ်။ ဒါပေမယ့် စီးလို့တော့ မရဘူး။ အတည်ပြုလို့ မရသေးတဲ့ သတင်းအရ လက်နက် ၁၀၀ ကျော် ပါသွားတယ် ပြောတယ်။ ဌာနချုပ်က ၃ ယောက်တော့ လည်လှီးပစ်ခဲ့လို့ သေသွားတယ်။”
တဘက်နိုင်ငံကလာတဲ့ ဘင်္ဂါလီတွေ မဟုတ်ဘဲ ဒေသတွင်းက ဘင်္ဂါလီတွေပဲဖြစ်ပြီး တဘက်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့သူတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မေး - မောင်တောမှာ ဒီမနက်ပစ်ခတ်မှု ဖြစ်တယ်ကြားလို့ပါ အန်ကယ်။

ဖြေ - “ဟုတ်တယ် ကျနော်တို့ မောင်တောမြို့နယ်နေရာ သုံးခုမှာ RSO တွေက စခန်းတွေကို ၀င်တဲ့အနေအထားပါ။”

မေး - ဟုတ်ကဲ့ ဘယ်စခန်းတွေကို ၀င်ပစ်တာလဲ အန်ကယ်။

ဖြေ - “ကိုးတန်ကောက်စခန်းရယ်၊ နယ်ခြားစောင့် ဌာနချုပ်၊ နောက်ပြီးကျနော်တို့ နယ်မြေက ငါးခူရနယ်မြေတွေ အဲဒီနယ်မြေတွေ ကျနော်တို့ ဒီနေ့မနက်ပေါ့ ၁ နာရီကျော်လောက်မှာ တချိန်တည်း ၀င်စီးတဲ့ သဘောရှိတယ်။ ဒါပေမယ့် အစီးတော့ မခံရဘူး။ ကျနော်တို့ လက်နက် တွေဘာတွေ ပါသွားတယ်လို့တော့ ပြောတယ်။ လက်နက်အလက် ၁၀၀ လောက် ပါသွားတယ်လို့တော့ ပြောတယ်။

မေး - အန်ကယ် RSO ဆိုတာ ဘယ်လိုသေချာလဲ ခင်ဗျ။

ဖြေ - သေချာတယ်ဆိုတာ ဒီလို အရပ်သား ဘင်္ဂါလီတွေက အဲလောက်ထိ အစွမ်းအစမရှိဘူး။ စစ်ရေးစစ်ရာ နားမလည်ဘူးလေ။ လွန်ခဲ့တဲ့ ၃ နှစ်ကနေ ဒီနေ့ ဒီအချိန်အထိ ဟိုဘက် သင်တန်းသွားတက်တယ်။ နောက်ပြီး အခြေခံတော့ နည်းနည်းပေးလိုက်တာနဲ့ အဲလိုဘာခေါ် မလဲ တိုက်ခိုက်ရေးသမားတွေ ဖြစ်သွားကြတာပေါ့။

မေး - ဘယ်နှနာရီလောက်ကြာလဲ။ အခုပြီးသွားပြီလား။

ဖြေ - ပြီးသွားပြီ။ မနက် လေးနာရီခွဲလောက် ငါးနာရီနီးနီးလောက်မှာ ပြန်ဆုတ်သွားကြတယ်။

မေး - အန်ကယ် အင်အားဘယ်လောက် ရှိတယ်လို့ကော ကြားလဲခင်ဗျ။

ဖြေ - အင်အားက ခိုးပြီးတော့ ၀င်ကြတာဆိုတော့ နည်းနည်း နာရီဝက် ၁၅ မိနစ်လောက်စီပဲ နောက်ကျမယ်ထင်တယ်။ တပြိုင်တည်းဝင်ကြတာဆိုတော့လေ။ အင်အားက ကျနော်တို့ ခန့်မှန်းခြေကို မေးကြည့်တာတော့ အင်အားလေးငါးရာလောက် ရှိတယ်ပြောတယ်။ အကုန်လုံး။ ဟိုဘက်ကနေလာတာမဟုတ်ဘူး။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀င်လာပြီး ဒီမှာတိုက်တာမဟုတ်ဘူး။ ဒီထဲမှာ ကိုယ်တိုင်ရှိနေတာ။ ကျနော်တို့ မောင်တောမြို့ထဲမှာ ကိုယ်တိုင်ရှိနေတာ သူတို့။

မေး- ခြေရာဖျောက်နေပြီးတော့ ရုတ်တရက် ထ၀င်စီးသွားတာပေါ့။

ဖြေ - အင်း အဲလိုဝင်စီးတာ။ လက်နက်တိုက်ဖောက်တယ်။ လက်နက်တွေယူတယ်။ ဟိုတဖက် နိုင်ငံကလာတာမဟုတ်ဘူး သူတို့က။ ဒီမှာ ရှိပြီးသား။

မေး - သေတာတွေ ပျောက်တာတွေကော ကြားသေးလားဗျ။

ဖြေ - သေတာကတော့ ကျနော်တို့ အသေစာရင်းက ဌာနချုပ်မှာ လေထီးပစ်ခဲ့တဲ့ နယ်ခြားစောင့် သုံးယောက်တော့ လည်လှီးလို့ သေသွားတယ် သူတို့။ တပ်ခွဲ တဖွဲ့က သုံးယောက်ကို သူတို့ကိုအခုတော့ သွားပြီးမစစ်ဆေးရသေးဘူးထင်တယ်။ အဲဒီ လမ်းခုလတ် မှာပဲ။ ဟုတ်ကဲ့ သေသွားတယ်။ အသေစာရင်းကတော့ များမယ်ထင်တယ်။ ကျနော်တို့ လောလောဆယ် မကျလာသေးဘူး။ အခု မောင်တောဆေးရုံကို သွားမလို့လုပ်နေတယ်။

မေး - ဒီထက် တိုးလာနိုင်စရာ ရှိတယ်ပေါ့။

ဖြေ - တိုးလာနိုင်တယ်။ ဒဏ်ရာရတဲ့သူကော သေတဲ့သူကော တိုးလာနိုင်တဲ့ အနေအထားမှာ ရှိတယ်။

မေး - အန်ကယ် လုံခြုံရေး ဘယ်လိုယူထားလဲဗျ။

ဖြေ - လုံခြုံရေးကတော့ ကျနော်တို့ မြို့ပေါ်မှာတော့ ပြည်သူ့ရဲတပ်ဖွဲ့ ရှိပါတယ်။ မြို့အနေနဲ့က တော့ အဲဒီလောက် မစိုးရိမ်ရဘူး။ နယ်တွေမှာ စိုးရိမ်ရတော့ အဲဒီဘက်တွေကို အဓိကထားပြီး လုံခြုံရေး ယူထားကြတာတော့ တွေ့တယ်။

မေး - အဲတော့ RSO တွေ အခု ဘယ်ရောက်သွားပြီလို့ ကြားလဲ အန်ကယ်။

ဖြေ - သူတို့က ဘာခေါ်မလဲ။ ကျနော်တို့ ဒီလိုနေရင်တော့ ရွာသားတွေပဲ။ အဲလို ဘင်္ဂါလီတွေ က ကိုယ့်ရွာကိုပြန်ပြီး အေးအေးဆေးဆေး နေရင်လည်း ဘာမှမသိဘူး။ ရွာထဲကို တယောက် မှ ၀င်လို့မှမရတာ။ ကိုယ်ယောင်ဖျောက်လိုက်ကြမှာပေါ့ သူတို့။

မေး - ခြေရာဖျောက်သွားတယ်ပေါ့။

ဖြေ - အင်း အဲလို ခြေရာဖျောက်သွားတယ်။ တချို့တောင်တွေကျော်ပြီးတော့ ခြေရာဖျောက် သွားတယ်။ အဲလိုပုံစံတွေ ရှိတာပေါ့လေ သူတို့။

မေး - အာဏာပိုင်တွေနဲ့ ပြောကြည့်ပြီးပြီလား။ ဘယ်လိုအနေအထားလဲ နောက်ဆုံးသိရတဲ့ အနေအထားပေါ့။

ဖြေ - အခုက တအားရှုပ်နေကြပါတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင်ဖို့ အချိန်တောင်မရဘူး ကျနော်တို့။ အခြေအနေကတော့ တအားဆိုးပါတယ်။ အဲဒီလို တပ်တွေကို ဌာနချုပ်တွေ ကိုယ်တိုင်ဝင်စီးတယ်ဆိုတော့ အခြေအနေကတော့ ဆိုးတယ်။

မေး - ကြုံဖူးလား။

ဖြေ - အရင်လည်း ကြုံဖူးပါတယ်။ ဒီလိုမျိုး သူတို့က အဲဒါကို သတိထားရမှာ။ သတိမထားတော့ ပေါ့လျော့လို့ အဲလိုဖြစ်ကြတာပေါ့။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013