DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ ချယ်ရီတည်းခိုခန်းမှာ ပုပ်နေသည့် အလောင်းတလောင်းတွေ့ရှိ
DVB
·
October 8, 2016
မုံရွာမြို့ ချယ်ရီတည်းခိုခန်းမှာ ပုပ်နေသည့် အလောင်းတလောင်းတွေ့ရှိ
Donate to DVB

အောက်တိုဘာ ၈ ရက်နေ့ နေ့လည် ၃ နာရီခန့်အချိန်က မုံရွာမြို့၊ ရုံးကြီးရပ်၊ ရုံးကြီးလမ်း၊ ချယ်ရီတည်းခိုခန်း ၅ လွှာ အခန်းအမှတ် ၅၀၆ တွင် ပုပ်နေတဲ့ လူသေအလောင်း တလောင်းတွေ့ရှိခဲ့ပါတယ်။

သေဆုံးသူမှာ အောက်တိုဘာ ၆ ရက်နေ့ကတည်းက လာရောက်တည်းခိုနေထိုင်နေတဲ့ မင်းကင်းမြို့နယ်၊ ယားရွာမှ သိန်းဆွေ၊ (၃၈ နှစ် (ဘ)ဦးညွန့် ) ဆိုသူဖြစ်ပြီး ကုတင်ပေါ်တွင် စောင်ခြုံ၊ ဦးခေါင်း ခေါင်းအုံးဖိ၊ တစောင်းမှောက်အနေအထားဖြင့် ဦးခေါင်းထိပ်ပွင့်ဒဏ်ရာရရှိကာ သေဆုံးနေတာဖြစ်ပါတယ်။

အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ချယ်ရီတည်းခိုခန်းမန်နေဂျာ ဦးသောင်းဌေးရဲ့ပြောကြားချက်အရ သေဆုံးသူက အောက်တိုဘာ ၆ ရက်နေ့က ညနေ ၅နာရီခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့အတူ လာရောက်တည်းခိုခဲ့ပြီး အတူတည်းခိုသူမှာ အောက်တိုဘာ ၇ ရက် နေ့ နေ့လည် ၁၂ ခန့်က ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ ရှာဖွေစစ်ဆေးရာ အိမ်သာနှင့် အုတ်ကန်ကြားတွင် သွေးများစွန်းထင်းလျက် ဆံပင်ကပ်ညိနေတဲ့ အရှည် ၁၈ လက္မခန့် ၃"×၂" သစ်သားချောင်း ၁ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး တရားခံလို့ယူဆရသူကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေ တယ်လို့ မုံရွာ မြို့မရဲစခန်းမှ စခန်းမှုး ဒုရဲမှုးသိန်းဆွေမြင့်က ဒီဗွီဘီကိုပြောပါတယ်။
သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013