နှစ် ၂၅၀၀ သက်တမ်းရှိ ကြေးပန်းအိုးကို အေသင်မြို့တွင် ခင်းကျင်းပြသ (ရုပ်သံ)
DVB
·
October 8, 2016
အေသင်မြို့က အမျိုးသားဗိသုကာပြတိုက်နှစ် ၁၅၀ ပြည့်အခမ်းအနားကျင်းပတဲ့ အထိမ်းအမှတ် အနေနဲ့ အဖိုးမဖြတ်နိုင်တဲ့ တရုတ်ရှေးဟောင်း ကြေးပန်းအိုးတလုံးကို အဲ့ဒီပြတိုက်မှာ ခင်းကျင်းပြသထားပါတယ်။
နဂါးရုပ်နဲ့ မြွေရုပ်လက်ရာတွေပါတဲ့ ဒီပန်းအိုးဟာ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိပြီး တရုတ်ပြည်အလယ်ပိုင်း ဟန်နန်ခရိုင်ထဲမှာ ၁၉၂၃ ခုနှစ်က တူးဖော်တွေ့ရှိခဲ့တာပါ။ ဒီပန်းအိုးရဲ့အမြင့်က ၉၀ စင်တီမီတာရှိပြီး အကျယ်က ၅၀ စင်တီမီတာရှိပါတယ် အလေးချိန်ကတော့ ၄၁ ကီလိုဂရမ်လေးတယ်လို့ သိရပါတယ်။
ဒီပန်းအိုးကို အခြားကမ္ဘာ့အကျော်ကြားဆုံး ပြတိုက်တွေထဲက ရှေးဟောင်းပစ္စည်းတွေလိုပဲ အေသင်မြို့က အမျိုးသားဗိသုကာပြတိုက်ထဲမှာ ပြတိုက်ရဲ့နှစ် ၁၅၀ ပြည့်အခမ်းအနားအတွက် ခင်းကျင်းပြသထားတာပါ။
ဒီနှစ် ၂၅၀၀ သက်တမ်းရှိ အဖိုးမဖြတ်နိုင်တဲ့ ကြေးပန်းအိုးကို အေသင်မြို့က ပြတိုက်ထဲမှာ ၃ လ ပြသမှာဖြစ်ပြီး ပြီးရင်တော့ တရုတ်ပြည်ကိုပြန်လည်ပေးအပ်ရမယ်လို့ သိရပါတယ်။