အင်ဒိုနီး​ရှား​ ပါပူ​ဒေသမှ အလုပ်သမား​များ​ အ​မေရိကန် မိုင်း​ကုမ္ပဏီကို ဆန္ဒပြ

အင်ဒိုနီး​ရှား​နိုင်ငံ အ​နောက်ပါပူး​ပြည်နယ်မှာ ဆန္ဒပြမှု​တွေဖြစ်​ပေါ်ပြီး​နောက် အဲဒီက ကမ္ဘာ့​ အကြီး​ဆုံး​ ​ရွှေနဲ့​ ​ကြေး​နီ တူး​ဖော်​ရေး​ လုပ်ငန်း​ကို ယာယီ ပိတ်ပစ်ခဲ့​ရပါတယ်။ Freeport McMoRan အ​မေရိကန် မိုင်း​လုပ်ငန်း​ကုမ္ပကြီး​က အလုပ်သမား​တွေဟာ လုပ်ခလစာ တိုး​မ ​ပေး​မချင်း​ အလုပ်မလုပ်ဘူး​ဆိုပြီး​ ၂ လဆက်တိုက် ဆန္ဒပြခဲ့​ကြပါတယ်။ အလုပ်သမား​တွေ ​လျော့​သွား​တဲ့​အတွက် ကုမ္ပဏီရဲ့​လုပ်ငန်း​လည်း​ ရပ်​နေပြီး​ အများ​ကြီး​ ဆုံး​ရှုံး​နေပါတယ်။ ဒီနိုင်ငံတကာ မိုင်း​ ကုမ္ပဏီကြီး​ အ​နေနဲ့​ ​ဒေသခံ အလုပ်သမား​ ​တွေကို အ​လျှော့​ပေး​ရဖို့​ ရှိ​နေပါတယ်။ ဂျာကာတာမြို့​က ‘ကိတ်လမ့်​ဘ်’ (Kate Lamb) က သတင်း​ပေး​ပို့​ထား​တာပါ။ ဒီဘာသာပြန်သတင်း​ဆောင်း​ပါး​ကို မမိုး​မြင့်​ဇင်က စီစဉ်တင် ဆက်ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up