DVB Logo
Home
မြန်မာသတင်း
ဘန်​ကောက်​ရေ​ဘေး​ဒုက္ခသည်များ​အတွက် ယာယီခိုလှုံ​ရေး​စခန်း​များ​ ပြင်ဆင်
DVB
·
October 28, 2011
ဘန်​ကောက်​ရေ​ဘေး​ဒုက္ခသည်များ​အတွက် ယာယီခိုလှုံ​ရေး​စခန်း​များ​ ပြင်ဆင်
Donate to DVB

ဘန်​ကောက်တမြို့​လုံး​ ရပ်ကွက်ဇုန်ကြီး​ ၅၀ ကို ​ရေလွှမ်း​သွား​ပါက ​ရေ​ဘေး​ဒုက္ခသည်​တွေ ယာယီခိုလှုံဖို့​ တခြား​ခရိုင် ၉ ခုမှာ ဒုက္ခသည်စခန်း​တွေ ပြင်ဆင်ထား​တယ်လို့​ ထိုင်း​အစိုး​ရ မနေ့​က သတင်း​ထုတ်ပြန်ထား​ပါတယ်။

ကန်ကျနဘူရီ၊​ ဖက်ခ်ျဘူရီ၊​ ချာချင်​စောင်၊​ စမွတ်ပရာကန်၊​ စမွတ်စာခွန်၊​ စရာဘူရီ၊​ နခေါင်နာယွတ်နဲ့​ န​ခေါင်စီထမရာ့​စတဲ့​ ခရိုင်တွေက ​ကျောင်း​၊​ စစ်တပ်ဝင်း​နဲ့​ ကျယ်ဝန်း​တဲ့​ အစိုးရပိုင် အဆောက်အဦတွေမှာ ပြင်ဆင်ထား​တာပါ။

ခုလို​ကြေညာတာဟာ ဘန်​ကောက်တမြို့​လုံး​ကို မုချ​ရေလွှမ်း​လိမ့်​မယ်လို့​ မဆိုလို​ပေမယ့်​ တကယ်လို့​ ​ရေလွှမ်း​မိုး​သွား​ခဲ့​ရင် အစိုး​ရက ကယ်ဆယ်​ရေး​ အစီအစဉ် အသင့်​ရှိ​နေ​ကြောင်း​ကို လူအများ​သိရှိ​စေဖို့​ ဖြစ်တယ်လို့​ ထိုင်း​အစိုး​ရ ​ရေလွှမ်း​မိုး​မှု ပြန်ကြား​ရေး​စင်တာက ​ပြောပါတယ်။

ခုလက်ရှိ ဘန်​ကောက်မြို့​အတွင်း​က ​ရေ​ဘေး​စခန်း​တွေမှာ လူ​တွေ ပြည့်​ကျပ်​နေပြီး​ တချို့​စခန်း​တွေလည်း​ ​ရေမြုပ်လို့​ ထပ်မံ​ရွှေ့​ပြောင်း​နေကြရပါပြီ။ ဒွန်​မောင်း​လေဆိပ် ​ရေ​ဘေး​စခန်း​က ဒုက္ခသည်​တွေကို​တော့​ ခွန်ဘူရီခရိုင်ကို ​ရွှေ့​သွား​ပြီ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်​နေ့​ညက ​ရေလွှမ်း​မိုး​မှုက​နေ ကာကွယ်​ပေး​ဖို့​ ဝန်ကြီး​ချုပ် ယင်လတ်ညွှန်ကြား​ခဲ့​တဲ့​ ဘုရင်ကြီး​ ​ဆေး​ဝါး​ကုသမှု ခံယူ​နေကျ စီရီရာ့​ ​ဆေး​ရုံက လူနာ​တွေကို ​ပြောင်း​ရွှေ့​သွား​ရပြီ ဖြစ်ပါတယ်။

ရေလွှမ်း​မိုး​မှု ပြန်ကြား​ရေး​စင်တာရဲ့​ ၂၈ ရက်မနက်ပိုင်း​ ​ကြေညာချက်အရ ​ဒေါင်း​မွန်၊​ ရန်း​စစ်၊​ လတ်စီ၊​ စဖန်း​မိုင် အပြင် ဘန်​ကောက်မြို့​ရဲ့​ အချက်အခြာ လမ်း​မကြီး​တသွယ်ဖြစ်တဲ့​ ဖဟိုယိုထင် လမ်း​မကြီး​လည်း​ လုံး​ဝသွား​လာလို့​ မရ​တော့​ဘူး​လို့​သိရပါတယ်။

ရေကြီး​နေတဲ့​ ရန်း​စစ် ရပ်ကွက်က​နေ ​ပြောင်း​ရွှေ့​လာတဲ့​ မြန်မာ အမျိုး​သမီး​တဦး​က “​ရေကြီး​နေတုန်း​ပဲ။ ကျမ မြို့​ထဲမှာပဲ ​ပြောင်း​နေတာ။ သွား​ရ လာရ အဆင်မ​ပြေဘူး​” လို့​ ​ပြောပါတယ်။

စား​နပ်ရိက္ခာ လိုက်ရှာဝယ်ခြမ်း​နေတဲ့​ ဘန်​ကောက်မြို့​နေ ကို​ဇော်မင်း​က ​ရေမြင့်​ပြ ဒီဂျစ်တယ် ဇယား​ကို ရပ်ကြည့်​ရင်း​ ​ရေတက်​နေပုံကို ​ပြောပါတယ်။

“အခုလက်ရှိက ​မော်ချစ်က​နေ ​တောက်​လျှောက် မြို့​ကို​ကျော်ပြီး​ တက်လာတယ်။ ဘန်​ကောက်က အခု အကုန်လုံး​ဘေး​က ပတ်လာတယ်​လေ။ အလယ်မှာ တကွက်ပဲကျန်တယ်။ အဲဒီတကွက်ကလည်း​ တရက်နှစ်ရက်အတွင်း​ သွား​ပြီ ထင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013