Live
Home
မြန်မာသတင်း
ကျွန်းစုတွင် ဝေလငါးဟု ယူဆရသည့် ငါးကြီးတကောင် တွေ့ရှိ
DVB
·
October 7, 2016
မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု ၀ဲကျွန်းကျေးရွာအနီးတွင် ဝေလငါးလို့ ယူဆရတဲ့ ငါးကြီးတကောင် အောင်တိုဘာလ ၆ ရက်နေ့က သောင်တင်ပြီး သေဆုံးနေကြောင်း ဒေသခံရွာသားများထံမှ သိရပါတယ်။ ၀ဲကျွန်းကျေးရွာ ရာအိမ်မှူး ဦးအောင်နိုင်ဌေးက “ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာ အုပ်စု၊ ၀ဲကျွန်းကျေးရွာအနီး၌ အလျား ပေ ၃၀ ခန့် အလုံးပတ် ၁၅ ပေခန့်ရှိ ဝေလငါးအုပ်စုမှ အမည်မသိငါးကြီးတစ်ကောင်သည်၊ အောင်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် သောင်တင်၍ သေဆုံးနေကြောင်း တွေ့ရတာ”လို့ ပြောဆိုပါတယ်။ အဆိုပါ ဝေလငါးလို့ ယူဆရတဲ့ ငါးအကောင်ကြီးကို ရာအိမ်မှူးနဲ့ ဒေသခံရွာသားတွေက ခြံခတ်ပြီး မြို့နယ်ငါးဦးစီးဌာနရုံးသို့ သတင်းပို့ အသိပေးထားတယ်လို့ သိရပါတယ်။ သတင်း - ကိုဘိတ် (မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024