DVB Logo
Home
မြန်မာသတင်း
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ၀င်မစွက်ဖက်ရန် လွှတ်တော်ဥက္ကဋ္ဌ မှာ
DVB
·
October 7, 2016
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ၀င်မစွက်ဖက်ရန် လွှတ်တော်ဥက္ကဋ္ဌ မှာ
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေတွေကို ပြန်လည် ရောက်ရှိတဲ့အခါ ဥပဒေပြုသူတွေအနေနဲ့ ကန့်သတ်ချက်ဘောင်တွေကိုကျော်လွန်ပြီး အုပ်ချုပ်ရေး ကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမဖြစ်ရအောင် သတိပြုကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ နှုတ်ခွန်းဆက် စကားပြောကြားရာမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။

“ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနှင့်အညီ တည်ဆဲ ဥပဒေများကို အထူးလေးစားလိုက်နာကြဖို့ လိုပါတယ်။ မိမိတို့ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ (Check and Balance) ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက်ဘောင်တွေကို ကျော်လွန်ပြီး အုပ်ချုပ်ရေး ကဏ္ဍတွေ၊ တရားစီရင်ရေးကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းတွေ မဖြစ်ရအောင် သတိပြု ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာများကို ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းဘဲဖြစ်ပါတယ်” လို့ ဦးဝင်းမြင့်က ဆိုပါတယ်။

ဒုတိယအကြိမ်၊ ဒုတိယပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ကျင်းပခဲ့တာဖြစ်ပြီး ၄၇ ရက် ကြာပြုလုပ်ပြီးနောက် ပြီးဆုံးခဲ့တာပါ။

ဒုတိယပုံမှန်အစည်းအဝေးမှာတော့ ကြယ်ပွင့်ပြမေးခွန်း ၂၂၅ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၄၀၇ ခု မေးမြန်းဖြေကြားနိုင်ခဲ့ပြီး အဆိုများအနေနဲ့ကတော့ အရေးကြီးအဆို ၂ ခုအပါအဝင် စုစုပေါင်း ၁၆ ခုတင်သွင်းဆောင်ရွက်နိုင်ခဲ့ပြီး အဆို ၄ ခု အတည်ပြုနိုင်ပြီး၊ မှတ်တမ်းအဆို ၉ ခု၊ အတည်မပြုအဆို ၂ ခုနဲ့ ဆွေးနွေးရန်မသင့် အဆို ၁ ခုတို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဥပဒေများအနေနဲ့ကတော့ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေး ခဲ့တဲ့ ဥပဒေကြမ်း ၅ ခုအပါအဝင် ဆောင်ရွက်ဆဲဥပဒေကြမ်း ၁၉ ခုရှိပြီး အတည်ပြုဆောင်နိုင်ခဲ့တဲ့ ဥပဒေကြမ်း ၁၀ခုရှိပြီး ဆက်လက်ဆွေးနွေးရန်အတွက် ဥပဒေကြမ်း ၉ ခုကျန်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013