Home
မြန်မာသတင်း
ရေ​ဘေး​သင့်​ ​ပေါက်မြို့​နယ်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကူညီ
နော်နိုရင်း
·
October 28, 2011
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူမှုအ​ထောက်အကူပြု အဖွဲ့​အ​နေနဲ့​ မ​ကွေး​တိုင်း​ အတွင်း​က ​ရေ​ဘေး​သင့်​ဒုက္ခသည်​တွေ့​ကို ကူညီ​ထောက်ပံ့​မှု​တွေ ဆက်လုပ်​နေပြီး​ ဒီ​နေ့​ ​ပေါက်မြို့​နယ်မှာ သွား​ရောက်ကူညီခဲ့​ပါတယ်။ အဖွဲ့​ချုပ်ဗဟိုနဲ့​ နယ်​မြေခံအဖွဲ့​ချုပ်ဝင်​တွေဟာ ​အောက်တိုဘာလ ၂၇ နဲ့​ ၂၈ ရက်​နေ့​တွေမှာ ​ရေ​ဘေး​ဒုက္ခ ဆိုး​ဆိုး​ဝါး​ဝါး​ခံ​နေရတဲ့​ ​ပေါက်မြို့​နယ်ထဲကို သွား​ရောက်ကူညီ​နေပါတယ်။ ၂၇ ရက်​နေ့​တုန်း​က ​ပေါက်မြို့​နယ်အတွင်း​ ကူညီကယ်ဆယ်မှု မရ​သေး​တဲ့​ သမား​တော်နဲ့​ ​အောင်ချမ်း​သာရွာကို နှစ်ရွာ သွား​ရောက်ကူညီခဲ့​တယ်လို့​ အဖွဲ့​ချုပ် လူမှုအ​ထောက်အကူပြုအဖွဲ့​က ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ “​အောင်ချမ်း​သာရွာလယ် ဆရာ​တော်​ကျောင်း​မှာ ဒုက္ခသည် မိသား​စု ၁၂၄ အိမ်​ထောင်ကို တအိမ်​ထောင် ဆန် ၄ ပြည်၊​ ​ခေါက်ဆွဲ​ခြောက်ထုပ်က ၇ ထုပ်နှုန်း​ ​ပေး​နိုင်ခဲ့​တယ်။ ​နောက် ​အောင်ချမ်း​သာနဲ့​ သမား​တော်ရွာမှာ အိမ်​ထောင်စု ၁၇ ခုက​တော့​ အိမ်အလုံး​ပါ ​ပျောက်သွား​တယ်။ အဲဒီမှာ ကျ​နော်တို့​ တအိမ်ကို ​ငွေကျပ် သုံး​သောင်း​ဆီ လှူဒါန်း​ခဲ့​ကြတယ်။ သူတို့​ကလည်း​ အား​လုံး​ အလွန်​ကျေး​ဇူး​တင်ကြတယ်။ အား​ပေး​စကား​လည်း​ ကျ​နော်တို့​ ​ပြောခဲ့​တယ်။” ဒီမနက်မှာလည်း​ ဆင်​ခြေရွာက ​ရေ​ဘေး​ဒုက္ခ​ရောက်​နေတဲ့​ အိမ်​ထောင်စု​ပေါင်း​ ၁၀၆ စုကို သွား​ရောက်ကူတယ်လို့​ ဆိုပါတယ်။ဲ ​ပေါက်မြို့​နယ်က ​ရေ​ဘေး​သင့်​ ရွာ​တွေကိုလည်း​ နာ​ရေး​ကူညီမှုအသင်း​က ​ဒေါ်​ရွှေဇီး​ကွက်တို့​ သွား​ရောက် လှူဒါန်း​ခဲ့​တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ ​ပေါက်မြို့​နယ်မှာ နှစ် ၅၀ အတွင်း​ အဆိုး​ဝါး​ဆုံး​ ​ရေလွှမ်း​ခဲ့​တာဖြစ်တဲ့​အတွက် ရွာ​ပေါင်း​အ​မြောက်အမြား​ အကူအညီမရဖြစ်​နေပြီး​ သွား​ရောက် ကူညီဖို့​လည်း​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ခက်ခဲ​နေတယ်လို့​ ​ပြောပါတယ်။ “​ပေါက်မြို့​နယ်က ရွာ​တွေဟာ နှစ်​ပေါင်း​ ၅၀ အတွင်း​ မကြုံဖူး​လောက်​အောင် မိုး​တွေက သုံး​လေး​ရက်​လောက် ဆက်တိုက်ရွာ၊​ ​လေး​ငါး​ရက်​လောက် ကြာတဲ့​အခါ ​ချောင်း​ရေက ဒလ​ဟော စီး​လာတဲ့​အခါကျ​တော့​ သဲဖုန်း​သွား​တဲ့​ သ​ဘောပဲ။ တချို့​ရွာ​တွေဆိုရင် လမ်း​ပန်း​ဆက်သွယ်မှုက သွား​လို့​ကို မရ​သေး​ဘူး​။ ​ဆောက်လုပ်​ရေး​ဌာနက လူ​တွေကိုက လမ်း​တွေက ဘယ်လိုမှ ​ပေါက်​အောင် လုပ်လို့​ မရ​သေး​ဘူး​တဲ့​ သဲ​တွေ ဖုံး​နေလို့​တဲ့​။ ​တော်​တော်ကို ဆိုး​ဆိုး​ရွား​ရွား​ ခံစား​နေရတယ်။ အကူအညီက​တော့​ အ​ရေး​တကြီး​ လိုအပ်​နေတာပဲ။ ​တော်​တော်​တော့​ စား​ရေး​သောက်​ရေး​တွေ ခက်ခဲ​နေကြပြီလို့​ ကျ​နော်တို့​ သိတယ်။” ​ပေါက်မြို့​နယ် ရွာ​ပေါင်း​ ၃၀ ​လောက် အတိဒုက္ခ​ရောက်​နေပြီး​ လူဦး​ရေ နှစ်​သောင်း​လောက် အကူအညီလိုအပ်​နေတယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ ​ပေါက်မြို့​နယ်မှာ ​သေဆုံး​မှုစာရင်း​ အခုချိန်ထိ မသိရ​သေး​ပေမယ့်​ လူ​ပေါင်း​ ၇၀ ဝန်း​ကျင်​သေဆုံး​နိုင်​ကြောင်း​ ခန်း​မှန်း​ပြောဆို​နေကြတယ်လို့​ ဆိုပါတယ်။ အဖွဲ့​ချုပ်ဝင်​တွေအ​နေနဲ့​ မနက်ဖြန်မှာလည်း​ ​ရေ​ဘေး​ဒဏ်သင့်​တဲ့​ ဆိပ်ဖြူနဲ့​ ​ပေါက်မြို့​နယ်ကို ဆက်လက်ကူညီမှာ ဖြစ်တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024