Live
Home
မြန်မာသတင်း
ချင်းမိုင်တွင် ငွေအကြွေစက်ထဲမှ ငွေများကို ဖောက်ထွင်းခိုးယူသူ မြန်မာ ၂ ဦး ဖမ်းမိ
DVB
·
October 7, 2016
ထိုင်းနိုင်ငံမှာ ငွေအကြွေစက်တွေထဲက ငွေတွေကို ဖောက်ထွင်းခိုးယူခဲ့ကြတဲ့ မြန် မာနိုင်ငံသား ၂ ဦးကို ရဲတွေက အောက်တိုဘာလ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နဲ့ လန်းဖမ်းမြို့ဧရိယာတ၀ိုက်မှ ငွေအကြွေစက်တွေထဲက ငွေတွေကို ဖောက်ထွင်းခိုးယူခဲ့ကြတာလို့ ချင်းမိုင်ဒေးလီးနယူး စ်သတင်းမှာ ဖော်ပြပါတယ်။ ငွေအကြွေစက်တွေထဲမှ ငွေတွေပျောက်ဆုံးနေခဲ့တယ်လို့ တိုင်ကြားမှုတွေ ရှိခဲ့တဲ့ အတွက် ရဲတွေက စုံစမ်းခဲ့အပြီးမှာ အဆိုပါမြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့က ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့တာပါ။ စစ်ဆေးမှုတွေအရ သူတို့ဟာ ထိုင်းနိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်သူတွေဖြစ်ပြီး မူးယစ်ဆေးဝါးဝယ်ဖို့အတွက် ခုလိုကျူးလွန်ခဲ့ကြတာလို့ ဆိုပါတယ်။ သူတို့ဟာ ငွေအကြွေစက်ထဲက ငွေတွေကို ထုတ်ယူဖို့ မော်တော်ဆိုင်ကယ်တစီး နဲ့ တံခါးဂျက်ဖြတ်စက်(Bolt Cutter)တွေကို အသုံးပြုခဲ့ကြတာပါ။ သူတို့ ၂ ဦးရဲ့ နာမည်တွေကိုတော့ သတင်းမှာ ဖော်ပြမထားပဲ လက်ရှိမှာတော့ သူ တို့ကို ဆမ်ပတုန်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024