DVB Logo
Home
မြန်မာသတင်း
အရှင်ဂမ္ဘီရကို လွှတ်​ပေး​ပြီး​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်ခွင့်​ပေး​ရန် ​တောင်း​ဆို
DVB
·
October 28, 2011
အရှင်ဂမ္ဘီရကို လွှတ်​ပေး​ပြီး​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်ခွင့်​ပေး​ရန် ​တောင်း​ဆို
Donate to DVB

က​လေး​အကျဉ်း​ထောင်မှာ နှစ်ရှည်​ထောင်ချခံ​နေရတဲ့​ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ခေါင်း​ဆောင် အရှင်ဂမ္ဘီရ ကျန်း​မာ​ရေး​ ဆိုး​ဝါး​နေတဲ့​အတွက် ချက်ချင်း​လွတ်​ပေး​ပြီး​ စနစ်တကျ ​ဆေး​ကုသခွင့်​ပေး​ဖို့​ မိသား​စုဝင်​တွေက သမ္မတဆီ စာ​ရေး​တောင်း​ဆိုလိုက်ပါတယ်။

[caption id="attachment_17110" align="alignright" width="280" caption="အရွင္ဂမ္ဘီရ"][/caption]

အောက်တိုဘာလ ၂၇ ရက်​နေ့​ ရက်စွဲနဲ့​ သမ္မတဆီ စာ​ရေး​တောင်း​ဆို လိုက်တာဖြစ်ပြီး​ ​တောင်း​ဆိုချက်နဲ့​ပတ်သက်လို့​ အရှင်ဂမ္ဘီရရဲ့​ အစ်မ​တော် မခင်သူ​ဌေး​က အခုလို ​ပြောပါတယ်။

အရှင်ဂမ္ဘီရဟာ ၂၀၀၉ ခုနှစ်က အပြီး​သတ်စီရင်ချက်ချခံရပြီး​နောက် ခန္တီး​ထောင်မှာ တလလုံး​ ​ခြေ​ထောက်ကို ​ဒေါက်ခတ်၊​ လက်ထိတ်ကို ​နောက်ပြန်တုပ်ကာ ​ခေါင်း​ကို အိမ်အမည်း​စွပ်ပြီး​ နှစ်တလက်မတုတ်နဲ့​ ၁၅ မိနစ်တကြိမ် အရိုက်ခံခဲ့​ရတဲ့​အတွက် တပတ်တခါ ​ခေါင်း​ကိုက်တဲ့​ ​ဝေဒနာကို အပြင်း​အထန် ခံစား​နေရတယ်လို့​ အစ်မဖြစ်သူက ​ပြောပါတယ်။

“အဲလိုခံစား​နေရတဲ့​ အချိန်မှာ ​ထောင်က​နေပြီး​တော့​ ကျမတို့​ယူဆတာ​တော့​ စိတ်ကျ​ဆေး​(သို့​မဟုတ်) မူး​ယစ်​ဆေး​တခုခု ဖြစ်မယ်ထင်တယ်။ ဒီနာကျင်မှုကို လတ်တ​လော ​ပြေ​ပျောက်သွား​ဖို့​ အဲဒီ​ဆေး​တွေကို ဦး​ပဉ္စင်း​ အ​ကြောထဲကို ထိုး​သွင်း​နေ​တော့​ ​ရောဂါနဲ့​ ​ဆေး​နဲ့​က လုံး​ဝမအပ်စပ်ဘူး​။ အဲဒါ​ကြောင့်​မို့​ ကျမအ​နေနဲ့​ သမ္မတကြီး​ဆီကို မ​နေ့​က စာတင်ခဲ့​ပါတယ်။ ဦး​ဉ္စင်း​ကို ဒီလိုမျိုး​ ​ရောဂါနဲ့​ ​ဆေး​မတည့်​တာကို ဒီထိုး​ဆေး​တွေ ထိုး​သွင်း​နေတာကို ချက်ချင်း​ရပ်တန့်​ဖို့​နဲ့​ ဦး​ဉ္စင်း​ကို အမြန်ဆုံး​ပြန်လွှတ်​ပေး​ပြီး​တော့​ မိသား​စုအ​နေနဲ့​ အနီး​ကပ် နား​လည်တဲ့​ သမား​တော်​တွေနဲ့​ ပြသခွင့်​ပေး​ဖို့​ စာတင်ထား​တယ်။”

သမ္မတဆီ အခုလို စာ​ရေး​တောင်း​ဆိုတဲ့​အတွက် အရှင်ဂမ္ဘီရ ပြန်လွတ်လာမယ်လို့​ ​မျှော်လင့်​ကြောင်း​ မခင်သူ​ဌေး​က ​ပြောပါတယ်။

“သမ္မတကြီး​အ​နေနဲ့​ သိမြင်ကြား​သိ​နေရတာ​တော့​ အရင်စစ်အစိုး​ရနဲ့​ မတူဘူး​ပေါ့​။ ဖြည်း​ဖြည်း​ချင်း​တော့​ ​ပြောင်း​လဲလာတယ်။ အ​ကောင်း​ဘက်ကို ဦး​တည်လာတယ်ဆို​တော့​ ကျမအ​နေနဲ့​ ထူး​ခြား​မယ်လို့​ ​မျှော်လင့်​မိပါတယ်။ အမြန်ဆုံး​ပြန်လွှတ်ဖို့​လည်း​ လို​နေတယ်။ ဦး​ဉ္စင်း​ဟာ စိတ်ပိုင်း​ဆိုင်ရာ​တွေ​ကော၊​ ရုပ်ပိုင်း​ဆိုင်ရာ​တွေပါ အ​တော်​လေး​ ချို့​ယွင်း​သွား​ပြီး​တော့​ ​တော်​တော်ကို စိုး​ရိမ်ရတဲ့​အ​နေအထား​ ဖြစ်​နေတယ်လို့​ သမ္မတကြီး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်လာတဲ့​ အကျဉ်း​သား​တွေက ကျမကို ​ပြောပြကြပါတယ်။ အဲဒါ​ကြောင့်​ မိသား​စု​တွေအ​နေနဲ့​ ​တော်​တော်ကို စိတ်ပူ​နေရပါတယ်။”

ဟောင်​ကောင်အ​ခြေစိုက် အာရှ လူ့​အခွင့်​အ​ရေး​ကော်မရှင် AHRC ကလည်း​ ကျန်း​မာ​ရေး​အ​ခြေအ​နေ ဆိုး​ဝါး​နေတဲ့​ အရှင်ဂမ္ဘီရကို ​ဆေး​ရုံမှာ စနစ်တကျ အမြန်ဆုံး​ ကုသခွင့်​ပေး​ဖို့​ သမ္မတအပါအဝင် အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်၊​ ကမ္ဘာ့​ကြက်​ခြေနီ အသင်း​ကြီး​နဲ့​ ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​ ​ကောင်စီ​တွေကိုပါ အိတ်ဖွင့်​စာ ​ပေး​ပို့​ခဲ့​ပါတယ်။

ဒီက​နေ့​ အရှင်ဂမ္ဘီရကို ​ထောင်ဝင်စာသွား​တွေ့​ခဲ့​တဲ့​ မယ်​တော်​ဒေါ်​ရေး​က ကျန်း​မာ​ရေး​နဲ့​ပတ်သက်လို့​ ​မေး​မြန်း​ရာမှာ ဘာမှ ​ဖြေဆိုမှုမရှိတဲ့​အတွက် မိခင်တ​ယောက်အ​နေနဲ့​ အလွန်စိုး​ရိမ်လို့​ ချက်ချင်း​လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုတာပါလို့​ ​ပြောပါတယ်။

“အမြင်အား​ဖြင့်​က​တော့​ ဝဝ​ဖွေး​ဖွေး​ကြီး​ပဲ။ ဒါ​ပေမယ့်​ ဦး​ပဉ္စင်း​ကျန်း​မာ​ရေး​ကိစ္စ ​မေး​လို့​မရဘူး​။ အကုန်လုံး​မေး​ခဲ့​တယ်။ ဦး​ပဉ္စင်း​မ​ပြောပါနဲ့​တို့​ ဘာတို့​ ​တောင်း​ပန်ထား​လား​တော့​ မသိဘူး​။ သူကလည်း​ ဘုန်း​ကြီး​ဆို​တော့​ သူများ​ ဒုက္ခ​ရောက်မှာကို မလုပ်ဘူး​လေ။ သူ့​ကို​မေး​လို့​မရဘူး​။ အ​မေရဲ့​ မျက်စိ​အောက်မှာ ပြုစု​စောင့်​ရှောက် ချင်တဲ့​အတွက် ဦး​ဂမ္ဘီရကို ချက်ချင်း​လွှတ်​ပေး​ပါလို့​ မိခင်တ​ယောက်အ​နေနဲ့​ ​တောင်း​ဆိုပါတယ်။”

အရှင် ဂမ္ဘီရဟာ ၂၀၀၇ ​ရွှေဝါ​ရောင် သံဃာ့​ လှုပ်ရှား​မှုမှာ ဦး​ဆောင် ပါဝင်ခဲ့​ပြီး​ အာဏာပိုင်​တွေက လိုက်လံဖမ်း​ဆီး​ရာ နိုဝင်ဘာလ ၄ ရက် မန္တ​လေး​တိုင်း​ စဥ့်​ကိုင်မြို့​မှာ ဖမ်း​ဆီး​ခံခဲ့​ရပြီး​ အာဏာပိုင်​တွေက သူ့​ကို အမှု​ပေါင်း​ ၁၃ မှုနဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ် ၆၈ နှစ်ချမှတ်ခဲ့​ပါတယ်။

နောက်ပိုင်း​ သူ့​ကို အာဏာပိုင်​တွေက ​ထောင်ဒဏ် ၅ နှစ်​လျော့​ပေး​တဲ့​အတွက် လက်ရှိ ​ထောင်ဒဏ် ၆၃ နှစ် ကျခံ​နေရပါတယ်။ စတင်ဖမ်း​ဆီချိန်က သူ့​ကို အင်း​စိန် အကျဉ်း​ထောင်က​နေ ရာသီဥတု ဆိုး​ရွား​တဲ့​ ခန္တီး​အကျဉ်း​ထောင်ကို ​ပြောင်း​ရွှေခဲ့​ပြီး​ အခု​နောက်ဆုံး​ က​လေး​အကျဉ်း​ထောင်မှာ ​ပြောင်း​ရွှေ့​ထိန်း​သိမ်း​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013