DVB Logo
Home
မြန်မာသတင်း
ရထား​နှင့်​လျှပ်စစ်မီတာ သုံး​စွဲခများ​ တိုး​ကောက်ရန် အစိုး​ရအဖွဲ့​ သ​ဘောတူ
DVB
·
October 28, 2011
ရထား​နှင့်​လျှပ်စစ်မီတာ သုံး​စွဲခများ​ တိုး​ကောက်ရန် အစိုး​ရအဖွဲ့​ သ​ဘောတူ
Donate to DVB

ရထား​ခနဲ့​ မီတာခ​တွေ တိုး​မြှင့်​သတ်မှတ်​ကောက်ခံဖို့​ အစိုး​ရအဖွဲ့​က သ​ဘောတူလိုက်တယ်လို့​ သိရပါတယ်။

ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​မှာ သက်ဆိုင်ရာ ဝန်ကြီး​တွေက တိုးကောက်ဖို့​ကိစ္စ လွှတ်​တော်ကို တင်ပြခဲ့​ကြတယ်လို့​ ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က ​ပြောပါတယ်။

“ရထား​ဝန်ကြီး​တင်တယ်။ သူတို့​ရထား​ခ​တွေ တက်ချင်တယ်။ လက်ရှိကား​ခရဲ့​ ထက်ဝက်​လောက်ကို တက်ချင်တယ်​ပြောတယ်။ အဲဒါနဲ့​ပတ်သက်လို့​ သူတို့​ကက်ဘိနက်​တွေလည်း​ ဆုံး​ဖြတ်ထား​ပြီး​ပြီတဲ့​။ အဲဒါကို ကျ​နော်တို့​ ပြည်​ထောင်စုလွှတ်​တော်ကို အဆိုတင်သွင်း​တာပါ။ အဲဒီအဆိုတင်သွင်း​ပြီး​တော့​ လွှတ်​တော်ကိုယ်စား​လှယ်တ​ယောက်က​တော့​ သူ့​ဌာနက လုပ်​ဆောင်ဖို့​ရှိပါတယ်။ ပြည်​ထောင်စုလွှတ်​တော်မှာ ​ဆွေး​နွေး​စရာမလိုပါဘူး​လို့​ ​ပြောတယ်။ ပြည်​ထောင်စုလွှတ်​တော်မှာ နာယကက ဒါကိုပြည်​ထောင်စုလွှတ်​တော်မှာ မှတ်တမ်း​ပဲ တင်မယ်လို့​ပြောပါတယ်။”

ရထား​ခ​တွေကို ဥပမာ ရန်ကုန်-မန္တ​လေး​ကား​ခ ကျပ်တ​သောင်း​ခွဲ​ပေး​ရရင် ရထား​ခ ၇၅၀၀ ကျပ် အနည်း​ဆုံး​ သတ်မှတ်မှာဖြစ်ပြီး​ တပြည်လုံး​ ​ပြေး​ဆွဲ​နေတဲ့​ ရထား​ခ​တွေအား​လုံး​ တိုး​မြှင့်​သတ်မှတ်မှာဖြစ်ပါတယ်။

မီတာခက​တော့​ လက်ရှိတယူနစ် ၂၅ ကျပ်နှုန်း​နဲ့​ကောက်ခံ​နေရာက အနည်း​ဆုံး​ တယူနစ် ၇၂ ကျပ်အထက် ​ကောက်ခံမှာဖြစ်ပါတယ်။

အမှတ်-နှစ် လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ရဲ့​ လွှတ်​တော်ကိုတင်ပြချက်အရ တယူနစ်ကို အရင်း​ ၇၂ ကျပ် ကျသင့်​နေတာဖြစ်ပြီး​ ဝန်ကြီး​ဌာအ​နေနဲ့​အရှုံး​ခံ ​ပေး​ဝေ​နေတာလို့​ သိရပါတယ်။

ဒီအတွက် မီတာခက တယူနစ်ကို ၇၅ ကျပ်နဲ့​ ၁၀၀ အကြား​ တိုမြှင့်​ကောက်ခံသွား​ဖို့​ ရှိ​နေတာပါ။

အခု တိုး​မြှင့်​ကောက်ခံဖို့​ ရှိ​နေတဲ့​ မီး​ရထား​နဲ့​ အမှတ်နှစ် လျှပ်စစ်စွမ်း​အား​ ဝန်ကြီး​ဌာန​တွေက သူတို့​ရဲ့​လုပ်ငန်း​တွေကို အရှုံး​ခံလုပ်​နေကြရတယ်လို့​ လွှတ်​တော်ကို တင်ပြသွား​ကြောင်း​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013