ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ပူးတွဲရရှိ

၂၀၁၆ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦးက ပူးတွဲရရှိသွားတယ်လို့ တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၅ ရက်မှာ ကြေညာပါတယ်။ မော်လီကျူးစက်တွေရဲ့ ဖွဲ့စည်းပုံနဲ့ ပုံစံထုတ်မှုအတွက် ယန်း ပြဲ စဗာ့ရှ်၊ ဆာ ဂျူနီယာ ဖရာစာ စတိုဒါ့တ်နဲ့ ဘားနဒ် အဲလ် ဖရင်ဂါတို့ကို နိုဘယ်လ်ဆု ပေးအပ်ခဲ့ပါတယ်။ မော်လီကျူလာ စက်တွေဟာ ပစ္စည်းသစ်တွေ အာရုံခံစနစ်တွေနဲ့ စွမ်းအင်သိုလှောင်မှုစနစ်တွေ စတာတွေအတွက် တီထွင်ရာမှာ သုံးနိုင်ဖို့ အခြေအနေ အများဆုံးရှိတယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဒီနှစ်အတွက် ဆုကြေးငွေဟာ ဆွီဒင်ခရိုနာ ၈ သန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ သိန်း ၃ သောင်းနဲ့ ညီမျှပါတယ်။ ဒီဆုကြေးကို ဆုရှင် ၃ ဦး ခွဲဝေယူရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up