Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ၄ ဦး နုတ်ထွက်
DVB
·
October 6, 2016
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို သူတို့ရဲ့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။ အောက်တိုဘာ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်စာမှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များဖြစ်တဲ့ ဦးဇော်ဝင်း၊ ဒေါက်တာသာဉာဏ်၊ ဒေါက်တာ ဒေါ်ခင်သန်းနွဲ့နဲ့ ဒေါ်မြမြတို့ ၄ ဦးကို သူတို့ရဲ့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။ အခုနုတ်ထွက်သွားတဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ၄ ဦးဟာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်မိသားစုရဲ့ အိမ်အကူများအပေါ် ညှဉ်းပန်းနှိပ်စက်မှုကို ကိုင်တွယ်ဆုံးဖြတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကပဲ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တချို့ကို ရာထူးက ရပ်စဲပေးရန် လွှတ်တော်က သမ္မတကို တိုက်တွန်းထားပြီး အခုတော့ ကာယကံရှင်တွေကိုယ်တိုင် ရာထူးက နုတ်ထွက်သွားကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024