Home
မြန်မာသတင်း
အစိုးရတပ် ထိုးစစ်ရပ်ရန် မြစ်ကြီးနားတွင် လူထောင်ချီ လှည့်လည်ဆန္ဒပြ
နော်နိုရင်း
·
October 6, 2016
ကချင်ဒေသ အပါအ၀င် မြန်မာနိုင်ငံတ၀န်းလုံးမှာ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒုတိယအကြိမ် ထောင်နဲ့ချီတဲ့ ပြည်သူတွေ လှည့်လည် ဆန္ဒထုတ်ဖော်နေကြပါတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့မနက် မနက် ၈း၀၀ နာရီကစပြီး  စီတာပူရပ်က မနောကွင်းမှာ စုရုံးပြီး မြစ်ကြီးနားမြို့ လူစည်းကားရာ နေရာတွေမှာ လှည့်လည် ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြတောင်းဆိုတာနဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်သူ မြစ်ကြီးနားမြို့ခံ ဦးတန်ဂွန်းက “အဓိကက ကချင်ဒေသနဲ့တကွ တနိုင်ငံလုံး အတိုင်းအတာနဲ့ မြန်မာ့တပ်မတော်ကနေပြီးမှ ထိုးစစ်ကို ရပ်ပေးဖို့အတွက် ကျနော်တို့ ပြည်သူလူထုကနေ တောင်းဆိုခြင်းဖြစ်တယ်။   နောက်ပြီးမှ စစ်ပွဲကြောင့် ဖြစ်လာတဲ့ စစ်ပြေးဒုက္ခသည်ပြဿနာတွေ၊ မုဒိမ်းကျင့်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကိုလည်း ရပ်ပေးဖို့ တောင်းဆိုနေခြင်းဖြစ်တယ်” လို့ ပြောပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ အစိုးရပ်တပ်ဘက်က ထိုးစစ်ဆင်မှုတွေ လုပ်နေပြီး မြေပြင်အပြင် ဝေဟင်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ကချင်အဖွဲ့တွေက ပြောဆိုနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024