Home
မြန်မာသတင်း
ပထမဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင် ဗဟိုဘဏ်ချပေး
DVB
·
October 5, 2016
မြန်မာနိုင်ငံတွင်း မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့အတွက် Digital Money Myanmar Ltd (Wave Money) ကို နိုင်ငံတော် ဗဟိုဘဏ်က ပထမဆုံး မှတ်ပုံတင်ချပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးအလုံးစုံပါဝင်မှု လုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေ အကြား မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှုကို ကျယ်ပြန့်စွာရရှိစေဖို့ မှတ်ပုံတင်ထုတ်ပေးတာလို့ နိုင်ငံတော် ဗဟိုဘဏ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။ Digital Money Myanmar ကုမ္ပဏီဟာ “Wave Money” အမှတ်တံဆိပ်နဲ့ နိုင်ငံတ၀န်း ဒစ်ဂျစ်တယ်စနစ်နဲ့ မိုဘိုင်းဖုန်းကနေဆင့် ငွေပေးပို့လက်ခံတဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင် အောင် ၀န်ဆောင်မှုပေးနေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုသူဟာ နိုင်ငံတ၀န်း မြို့နယ်ပေါင်း ၁၆၀ရှိ ကိုယ်စားလှဝ်ပေါင်း ၄၀၀၀ နီးပါးဖွင့်လှစ်လုပ်ကိုင်နေတဲ့ အနီးဆုံး Wave Money ဆိုင်သို့ သွားရောက်ကာ ငွေလွှဲပြောင်းလက်ခံလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာပါ။ မြန်မာပြည်မှာ မိုဘိုင်းဖုန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဈေးကွက်ကြီးထွားလာအောင် ကြိုးပမ်းနေတဲ့ Digital Money Myanmar ကုမ္ပဏီဟာ တယ်လီနော်အုပ်စုရဲ့ လုပ်ငန်းစု တခုဖြစ်ပြီး ဒီကုမ္ပဏီရဲ့ အစုရှယ်ရာ ၄၄ ရာခိုင်နှုန်း စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄ သန်းကျော်ကို FMI ကုမ္ပဏီက ၀ယ်ယူထားတာဖြစ်ပါတယ်။ လက်ရှိ ဒီကုမ္ပဏီရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Telenor South East Asia Investment ကုမ္ပဏီက ပိုင်ဆိုင်ပြီး FMI ကုမ္ပဏီက ၄၄ ရာခိုင်နှုန်းနဲ့ ရိုးမဘဏ်က ၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင် အကျူးတူဖက်စပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဓာတ်ပုံ - WaveMoney
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024