DVB Logo
Home
မြန်မာသတင်း
ရထားကို ခဲနှင့်ပေါက်သည့် မြန်မာဆယ်ကျော်သက်ကို ထိုင်းရဲဖမ်းဆီး
DVB
·
October 5, 2016
ရထားကို ခဲနှင့်ပေါက်သည့် မြန်မာဆယ်ကျော်သက်ကို ထိုင်းရဲဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၃ ရက်နေ့က လူစီးရထားတစီးကို ခဲနဲ့ပေါက်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မြန်မာဆယ်ကျော်သက်တဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါသံသယရှိသူ တရားခံကို စက်တင်ဘာ ၄ ရက်နေ့က ဟွိုင်ခ၀မ်ခရိုင်ထဲမှာ ဖမ်းမိခဲ့ပြီး သူ့ရဲ့အမည်ကိုတော့ ထုတ်ဖော်မပြောနိုင်သေးဘူးလို့ မက်ခ်ဆန်ရဲစခန်းမှ ရဲမှူးကြီး ဆက်ခ်ဒီဒက်ဂ်ျ ကမ်ပရမ်နူဝမ်က ပြောပါတယ်။

ဘန်ကောက်-ချာချွန်ဆောင် ပြေးဆွဲတဲ့ ရထားဟာ ခလောင်တန်ဘူတာကနေ စတင်ထွက်ခွာခဲ့ချိန်မှာ သူက ခဲနဲ့ပစ်ပေါက်ခဲ့တာပါ။

ခုလိုလုပ်ခဲ့တဲ့အတွက် ရထားပေါ်ပါ အသက် ၁၇ နှစ်အရွယ် ၀ပ်ချီရာပွန် ဘူပါဆပ်နဲ့ အသက် ၅၉ နှစ်အရွယ် ဆွန်ဂျိုင် ချူအန်ချီယို အမည်ရတဲ့ ခရီးသည် ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။

လက်ရှိမှာတော့ ဒီအဖြစ်အပျက်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ကာ အများပြည်သူနဲ့ဆိုင်တဲ့ ပို့ဆောင်ရေးတွေမှာ တိုက်ခိုက်ခံရမှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပြစ်မှုကျူးလွန်သူ မြန်မာလူငယ်က သူဟာ ရထားသံလမ်းအနီး ကွင်းပြင်တခုမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေချိန် ရထားဆီမှ ဆူညံတဲ့အသံကြောင့် သည်းမခံနိုင်ဘဲ အမှုမဲ့အမှတ်မဲ့ ခဲနဲ့ပစ်ပေါက်မိခဲ့တာလို့ ရဲတွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013