မန်ယူကွင်းလယ်လူ ဟာရဲရား စပိန်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် အရွေးခံရ

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဟာရဲရားဟာ စပိန်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် အရွေးခံခဲ့ရပါပြီ။ သူဟာ စပိန် ယူ-၂၀၊ ယူ-၂၁ နဲ့ ယူ-၂၃ အသင်းတွေမှာ အရွေးခံခဲ့ရပေမယ့် အခုမှ  လက်ရွေးစင်အသင်းကြီးမှာ အရွေးခံခဲ့ရတာပါ။ စပိန်အသင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အလာကန်တာရာ၊ နီဂုဇ်၊ မာတီနက်ဇ်တို့ဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုမပြည့်စုံတဲ့ အနေအထားမှာ အသက် ၂၇ နှစ်အရွယ်  ဟာရဲရားကို ခေါ်ယူတာပါ။ သူဟာ လက်ရွေစင်အသင်းနဲ့အတူ လေ့ကျင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ စပိန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၆ ရက်နေ့မှာ အီတလီ၊ အောက်တိုဘာ ၉ ရက်နေ့မှာ အယ်လ်ဘေးနီးယားနဲ့ အဝေးကွင်းတွေမှာ  ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up