ခန္ဓာကိုယ်ထဲ အပ်၊ ဓားများ ထွင်းဖောက်ကျင်းပကြသည့် ရိုးရာသက်သတ်လွတ်စားသူများပွဲတော် (ဓာတ်ပုံ)

အပ်တွေ၊ ဓားတွေ အမြောက်အမြားကို ပါးစပ်မှတဆင့် ထိုးဖောက်ထားခြင်းအားဖြင့် ဘုရားသခင်ဟာ ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာလိမ့်မယ်လို့ ယုံကြည်ချက်နဲ့ ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေမှာ လူပေါင်းများစွာပါဝင်တဲ့ သက်သတ်လွတ်စားသူများပွဲတော်ကို ကျင်းပခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ စတင်ကျင်းပတဲ့ ဒီပွဲတော်ကို တက်ရောက်လာသူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှ မကောင်းဆိုးဝါးတွေကို ထုတ်ပယ်ပြီး ကံကောင်းခြင်းတွေ အဖွဲ့အစည်းတွင်း ရောက်ရှိလာစေဖို့ ပါဝင်ဆင်နွှဲနေကြတာပါ။ မီးရှူးမီးပန်းတွေ၊ ဒရမ်တီးခတ်သံတွေနဲ့အတူ ပါဝင်ဆင်နွှဲကြသူတွေဟာ မီးသွေးခဲ ပူပူတွေပေါ် လမ်းလျှောက်ပြတာမျိုးတွေကို လုပ်ဆောင်ခဲ့ကြတာပါ။ ဖူးခက် သက်သတ်လွတ်စားသူများပွဲတော်ကို ဧကရာဇ်ကိုးပါးပွဲတော်လို့လည်း လူသိများတဲ့ ပွဲတော်တခုဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အချိန် ၁၀ ရက်ကြာကျင်းပတဲ့ ပွဲတော်ကာလတွင်းမှာ ပါဝင်ဆင်နွှဲကြသူတွေဟာ ကိုယ်စိတ်ဝိညာဉ် သန့်ရှင်းစင်ကြယ်နေစေဖို့ သက်သတ်လွတ် အစားအစာတွေကိုသာ စားသောက်ကြရတယ်လို့ ဆိုပါတယ်။ ဒီရိုးရာအစဉ်အလာယုံကြည်မှုဟာ အရှေ့တောင်အာရှနိုင်ငံတွေကြားမှာ စတင်ခဲ့တာဖြစ်ပြီး ဖူးခက်မှာ နေထိုင်သူတွေရဲ့ ၃၅ ရာခိုင်နှုန်းကတော့ ထိုင်း-တရုတ်အနွယ်ဝင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up