Home
မြန်မာသတင်း
ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူကို ဖမ်းဆီး
DVB
·
October 4, 2016
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပေါက်တောကျေးရွာတွင် တရားမဝင် ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသနေသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က ပေါက်တောကျေးရွာမှာ တရားမဝင် ဆေးကုသခွင့်လိုင်စင် မရှိဘဲ ဆေးကုသနေသူတဦးအား သတင်းအရ သွားရောက်စစ်ဆေးရာမှ နေအိမ်ထဲ သွေးပေါင်ချိန်တိုင်းကိရိယာ ၁ ခု၊ နားကြပ် ၁ ခု၊ ဆေးထိုးအပ် ၃၇ ချောင်း၊ ဆေးပုလင်းမျိုးစုံ ၁၃ ပုလင်း၊ အရက်ပြန် ၁ ပုလင်း၊ ဆေးမျိုးစုံ ၃၀ လုံး၊ ဂွမ်းထုပ် ၁ ထုပ်တို့ကို အသင့်တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ မြို့မရဲစခန်းမှ ရဲအုပ် ဝင်းထွဋ်အောင်က ဒီဗွီဘီကို ပြောပါတယ်။ တရားမဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ကျေးရွာအတွင်း ဆေးကုသနေသူကို ညောင်လေးပင် မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ- နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024