Home
မြန်မာသတင်း
သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေး ၂ မျိုး အသိပေးကြေညာ
DVB
·
October 4, 2016
14449777_984130061714860_7760410593720317861_n-copy
တိုင်းရင်းဆေးဝါးအဖြစ် မှတ်ပုံတင်ထားပေမယ့် အနောက်တိုင်းဆေးရောနှောထားကြောင်း စိစစ်တွေရှိရတဲ့အတွက် သုံးစွဲဖို့မသင့်တဲ့ တိုင်းရင်းဆေးဝါးအမှတ်တံဆိပ် ၂ မျိုးကို ကျန်းမာရေး ဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။ ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတဲ့ ရန်ကုန်ထုတ် ကချင်အမှတ်တံဆိပ် အသားချော အရေပြားလိမ်းဆေးမှာ Salicylic အက်စစ်တမျိုးပါဝင်နေပြီး ထုတ်လုပ်တဲ့လိပ်စာ ဖော်ပြမထားတဲ့ ပြည့်ဖြိုးအမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါ သောက်ဆေးမှုန့် ဟာလည်း ပါရာစီတမောပါဝင်နေတာ စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါဆေးဝါး ၂ မျိုးကို တိုင်းရင်းဆေး မှတ်ပုံတင်သက်တမ်းထပ်တိုးပေးမှာမဟုတ်သလို တိုင်းရင်းဆေးလိုင်စင်လည်း ရုပ်သိမ်းသွားမယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024