Homeသတင်းဓာတ်ပုံ
မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ၀မ်းတွင်းတွင် လူတဦး ချောင်းရေနှင့်မျောပါ (သတင်းဓာတ်ပုံ)
မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ၀မ်းတွင်းတွင် လူတဦး ချောင်းရေနှင့်မျောပါ (သတင်းဓာတ်ပုံ)
DVB
·
October 4, 2016
စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၂ ရက်နေ့ထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် သဖန်းပင်ရွာမှာရှိတဲ့ ရွာဦးရေကန်ဘောင်တွေ ကျိုးပျက်ခဲ့ပြီး ရွာသားတဦး ချောင်းရေနဲ့ မျောပါသွားပါတယ်။
ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လယ်ခင်းထဲကပြန်လာတဲ့ သဖန်းရွာနေ ကိုနေမင်းနိုင်ဟာ နွား ၂ ကောင်နဲ့အတူ သင်ပုန်းချောင်းကိုအဖြတ်မှာ မျောပါသွားခဲ့တာပါ။
နွား ၂ ကောင်ကိုတော့ သင်ပုန်းချောင်းအောက်ဘက်မှာ ပြန်တွေ့ခဲ့ပေမယ့် ကိုနေမင်းနိုင်ကိုတော့ အခုချိန်ထိ ရှာမတွေ့သေးပါဘူး။
အခုလို နှစ်ရက်ဆက်တိုက် ရွာသွန်းခဲ့တာကြောင့် ကျေးရွာအတွင်း ရေ ၃ ပေအမြင့်ထိ တက်ခဲ့ပါတယ်။
အခုလို ရေကြီးလို့ မိုးစပါးစိုက်ဧက ၁၅၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ငရုပ်စိုက်ဧက ၃၀ လောက် ရေဖုံးလွှမ်းသွားခဲ့ပါတယ်။
ရေစီးအားကြောင့် ကျေးရွာလမ်းတွေ ပျက်စီးခဲ့မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။
သတင်း ဓာတ်ပုံ - မောင်မောင်လင်း (၀မ်းတွင်း)