DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​အဖွဲ့​များ​က အပစ်ရပ်သ​ဘောတူချက်ကို တပ်​ပေါင်း​စုအဖြစ်သာ ​ဆွေး​နွေး​မည်
DVB
·
October 27, 2011
တိုင်း​ရင်း​သား​အဖွဲ့​များ​က အပစ်ရပ်သ​ဘောတူချက်ကို တပ်​ပေါင်း​စုအဖြစ်သာ ​ဆွေး​နွေး​မည်
Donate to DVB

ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) အဖွဲ့​ဝင် တိုင်း​ရင်း​သား​အဖွဲ့​ဝင်​တွေနဲ့​ အစိုး​ရဘက်က ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ပဏာမ စတင်​တွေ့​ဆုံမှု​တွေ ရှိ​နေပြီး​ တဖွဲ့​ချင်း​က အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​မှုကို​တော့​ ယူအန်အက်ဖ်စီ တပ်​ပေါင်း​စု တခုလုံး​အ​နေနဲ့​ပဲ ​ဆွေး​နွေး​မှာပါလို့​ ယူအန်အက်ဖ်စီက ​ပြောပါတယ်။

မွန်၊​ ရှမ်း​၊​ ကရင်၊​ ကချင် စတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ မကြာ​သေး​မီက သက်ဆိုင်ရာ ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ အလား​တူ သ​ဘောထား​ကိုပဲ ​ပေး​ခဲ့​ကြပါတယ်လို့​ ယူအန်အက်ဖ်စီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ နိုင်ဟံသာက ​ပြောကြား​ပါတယ်။

မွန်ပြည်သစ်ပါတီက မွန်ပြည်နယ်အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ဒီလ ၆ ရက်​နေ့​ မွန်ပြည်နယ် ​ရေး​မြို့​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ရာမှာလည်း​ တပ်​ပေါင်း​စုရဲ့​ သ​ဘောထား​ ကိုပဲ ​ပေး​ခဲ့​ပါတယ်လို့​ နိုင်ဟံသာက ​ပြောပါတယ်။

တပ်​ပေါင်း​စု အဖွဲ့​ဝင်များ​နှင့်​ ​မေး​မြန်း​ချက်

ပေါလ်စီထား​ (အ​ထွေ​ထွေတွင်း​ရေး​မှူး​)

စီအန်အက်ဖ် (ချင်း​အမျိုး​သား​တပ်ဦး​)

“ကျ​နော်တို့​က​တော့​ ဒီမှာလာကမ်း​လှမ်း​ရင် ​ဆွေး​နွေး​မှာပါ။ ​ပြောမယ်။ ​နောက်ဆုံး​မှာ တိုင်း​ရင်း​သား​အား​လုံး​ စုံစုံညီညီ ​ဆွေး​နွေး​နိုင်တဲ့​နေရာကျ​တော့​ ယူအန်အက်ဖ်စီ အတိုင်း​သွား​မယ်။ ပြည်နယ်​တွေမှာကျ​တော့​ ဒီဘက်က ကမ်း​လှမ်း​လာရင်​တော့​ ​ပြောမယ်။ သီး​သန့်​ပေါ့​နော်။

“ကျ​နော်တို့​ ချင်း​ပြည်တခုအတွက်နဲ့​ မြန်မာပြည်တခုလုံး​က အား​လုံး​ ညီမှရမယ်​လေ။ ဒီဘက်မှာ ချင်း​ကအစိုး​ရနဲ့​ပြေလည်ပြီ ဆိုပြီး​မှ အ​ရှေ့​ဘက်က ရှမ်း​၊​ ကရင်၊​ မွန်၊​ ကချင် သူတို့​မယူဘူး​ဆိုလည်း​ ဒီဘက်မှာ တချို့​တဝက်နဲ့​ တည်​ဆောက်လို့​ မရ​တော့​ အဲဒီ​နေရာမှာ ကျ​နော်တို့​အား​လုံး​ ပြန်ညီညွတ်မှရမယ်။ ကျ​နော်တို့​ ဆိုလိုချင်တာက ဒီမှာပြည်နယ်အစိုး​ရက​နေ လာပြီး​တော့​ ကမ်း​လှမ်း​တယ် ဆိုရင်​တော့​ ကျ​နော်တို့​ ​ပြောမယ်။ အဲဒီဟာက ပဏာမ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲပဲဖြစ်မယ်။ ဒါ​ပေမယ့်​ တတိုင်း​ပြည်လုံး​ အတိုင်း​အတာနဲ့​ ကျ​နော်တို့​ သွား​မယ်ဆိုရင် ယူအန်အက်ဖ်စီနဲ့​ ပြန်သွား​မှာ။ ငြိမ်း​ချမ်း​ရေး​ကို သီး​ခြား​ မယူဘူး​။ ဆိုလိုချင်တာက ​တွေ့​ဆုံ​ဆွေး​နွေး​မှု မရှိဘဲနဲ့​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ဆိုတာ ​ပြောဖို့​ မလွယ်​သေး​ဘူး​လေ။”

ပဒို​စောလှ​ငွေ (ပြန်ကြား​ရေး​တာဝန်ခံ)

ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​)

“ပြည်နယ်တခုလုံး​ အပစ်အခတ်ရပ်စဲ​ရေး​ ကိစ္စအတွက်ကို ​ပြောပါတယ်။ ဒါပါပဲ။ အဲဒါ​တော့​ လုပ်လို့​မရပါဘူး​။ အဲဒီကိစ္စကို မနက်ဖြန်ကို ညှိနှိုင်း​ဖို့​ပဲဖြစ်တယ်။ ပထမရပ်တည်ချက်က ​ပြောင်း​လဲမှု မရှိပါဘူး​၊​ နိုင်ငံ​ရေး​ သ​ဘောတူညီချက်၊​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် သီး​ခြား​ ဘာမှမလုပ်ပါဘူး​။”

ဗိုလ်မှူး​ကြီး​ ခွန်ဥက္ကာ (ဥက္ကဋ္ဌ)

ပအို့​ဝ်အမျိုး​သား​ လွတ်​မြောက်​ရေး​အဖွဲ့​ချုပ်

“အပစ်အခတ် ရပ်စဲ​ရေး​။ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို တက်လှမ်း​ဖို့​ အဆင့်​ကို ​ရောက်လာလို့​ရှိရင် တဖွဲ့​ချင်း​ဆွေး​နွေး​ပွဲ စကား​ပြောဖို့​ အဆင့်​မှာ တဖွဲ့​ချင်း​လုံး​ဝ မလုပ်ဘဲနဲ့​ အဲဒီအဆင့်​မျိုး​တွေမှာ ယူအန်အက်ဖ်စီ က​နေတဆင့်​ အစုအဖွဲ့​နဲ့​ ပြုဖို့​ဆိုတဲ့​ဟာ အဲဒီအချက် ၂ ချက်ကို တဖွဲ့​ချင်း​ ဗမာဘက်မှ​တွေ့​တဲ့​အချိန်မှာ ရှင်း​ပြဖို့​ ​ပေး​ထား​တယ်။”

ယူအန်အက်ဖ်စီကို ကချင်ပြည်လွတ်​မြောက်​ရေး​အဖွဲ့​၊​ ရှမ်း​ပြည်တိုး​တက်​ရေး​ ပါတီ၊​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ကရင်နီပြည်တိုး​တက်​ရေး​ပါတီ၊​ မွန်ပြည်သစ် ပါတီ၊​ ချင်း​အမျိုး​သား​တပ်ဦး​၊​ စတဲ့​ တိုင်း​ရင်း​သား​အဖွဲ့​ ၁၂ ဖွဲ့​နဲ့​ ဒီနှစ်ဆန်း​ပိုင်း​မှာ ဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013