နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် ဆေးစစ်မှုပြုလုပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးမှာ ဒီကနေ့ ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီဆေးစစ်မှုကို ဓာတ်ခွဲ၊ ဓာတ်မှန်နှင့် မှန်ပြောင်းကြည့်ဌာနမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အချိန် ၁ နာရီခွဲလောက် ကြာမြင့်ခဲ့တာပါ။ ရန်ကုန်ဆေးတက္ကသိုလ် ၁ မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက "ကျန်းမာရေး ကောင်းပါတယ်။ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ MRI နဲ့ X-Ray နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်" လို့ ပြောပါတယ်။ MRI ကတော့ ဓာတ်ရောင်ခြည်အန္တရာယ် လုံးဝမရှိဘဲ စွမ်းအားမြင့် သံလိုက်ဓာတ် အသုံးပြုတဲ့ ခေတ်မီစက်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ နှလုံး၊ ဦးနှောက်နဲ့ အာရုံကြော၊ အရိုးအကြော အဆစ်နဲ့ ရင်ခေါင်း၊ ဝမ်းအတွင်း စစ်ဆေးပေးတဲ့ ကြည်လင်ပြတ်သားသော ပုံရိပ်ဖော်စက်ကြီး ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up