DVB Logo
Home
မြန်မာသတင်း
အင်းသားဆုံဆည်းရာနေ့ပွဲကို လူပေါင်း ၁ သောင်းကျော်တက်ရောက်
DVB
·
October 27, 2011
အင်းသားဆုံဆည်းရာနေ့ပွဲကို လူပေါင်း ၁ သောင်းကျော်တက်ရောက်
Donate to DVB

ပထမဆုံးအကြိမ် အင်းသား​ ဆုံဆည်းရာနေ့ ပွဲတော်ကို အင်းသူအင်းသားပေါင်း တသောင်းကျော်​ တက်ရောက်ပြီး  စည်စည်​ကားကား​နဲ့ ပြီးဆုံးသွားပါတယ်။

[caption id="attachment_17058" align="alignright" width="258" caption="photo-facebook"][/caption]

ညောင်ရွှေမြို့နယ်ထဲက အင်းလေးကန်​ ​ရေပြင်ကျယ် အလယ်ခေါင်ကျတဲ့ ဘိုတဲမှာ ဒီကနေ့ မနက် ၈ နာရီကနေ မွန်းလွဲ ၁ နာရီကျော်ထိ ကျင်းပခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ နာယကဖြစ်တဲ့  အင်းတိုင်းရင်းသား ​ရေးရာ​ ၀န်ကြီး​ ဦးဝင်းမြင့်​က​ ​ပြောပါတယ်။

“နှစ်ထောင်းအား​ရ ဖြစ်မိတာက ကျနော်တို့ ဆွဲလှေကြီးကို လာဆွဲတဲ့ အင်းသူအင်းသား​တွေကို ကျနော်တို့ ပိုက်ဆံ တပြားမှလည်း မပေးရဘူး။ သူတို့ကို အာဏာလည်း မပေးရဘူး၊ သူတို့ကနေမှ မျိုးချစ်စိတ်ဓာတ် အပြည့်နဲ့ ကိုယ့်စရိတ်​ ကိုယ်စားပြီးတော့မှ မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ လာပြိုင်ပေးတဲ့ဟာကို အဖိုးမဖြတ်နိုင်တဲ့ ပီတိပေါ့လေ။ အင်းသူ အင်းသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို အသိအမှတ် ပြုခံရတယ်ပေါ့လေ။”

ပွဲတော်မှာ လှေအစီးပေါင်း ၅၀ လောက် အလှပြ လှော်ခတ်ပြသလို အင်းသား​ လူငယ်အဖွဲ့တွေကလည်း တေးဂီတ အကပဒေသာတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့တယ်။

စင်ကာပူ နိုင်ငံရောက်နေတဲ့ အင်းသားလူငယ်အဖွဲ့ကလည်း ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့လာပြီး အင်းလေး ဒေသခံတွေနဲ့အတူ ရှမ်း၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေလည်း တက်ရောက်ခဲ့ပါတယ်။

နောင်နှစ်မှာ ဈေးရောင်းပွဲတော်တွေ၊ အင်းလေးရိုးရာထွက်ကုန် ကုန်စည်ပြပွဲ၊ ပြခန်းတွေနဲ့ တိုးချဲ့ကျင်းပသွားမယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

ညောင်ရွှေဒေသခံတဦးက     “ဒီပွဲမျိုးဆိုတာကတော့ ကျနော်တို့ အင်းသူအင်းသားတွေ အင်းရေပြင်ကြီးမှာ ညီညီညာညာနဲ့ စုံစည်းခွင့်ရတယ်ဆိုတာ ကျနော်တို့အတွက်တော့ တကယ်ဝမ်းသာ စရာကောင်းတဲ့၊ ပြီးတော့ အင်းသူအင်းသားတွေက ရိုးရာကို ထိန်းသိမ်းတတ်လာမယ်။ နောက် စည်းလုံးညီညွတ်တဲ့ စိတ်တွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်တယ်ဗျ”  လို့ ပြောပါတယ်။

အင်းလေးဒေသမှာ နေထိုင်တဲ့ အင်းသူအင်းသားအချင်းချင်း စည်းလုံးချစ်ကြည်ရေး၊ ကိုယ့်ဇာတိရပ်မြေကို ၀ိုင်းဝန်းစောင့်ရှောက်ရေး၊ အင်းရိုးရာဓလေ့ ထိန်းသိမ်း မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ အင်းသားဆုံဆည်းရာနေ့ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အင်းသားဆုံဆည်းရာနေ့ကို  အင်းလေးဒေသက သံဃာတော်တွေ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက လွှတ်တော် အမတ်တွေ၊ အင်းအမျိုးသားရေးရာဝန်ကြီး၊ အင်းစာပေနဲ့ ယဉ်ကျေးမှုအသင်းနဲ့ ဒေသခံ ရပ်မိရပ်ဖတွေက အောက်တိုဘာလ ၈ ရက်နေ့မှာ  စုဝေးတိုင်ပင်ပြီး အင်းသားဆုံဆည်းရာနေ့ကို သတ်မှတ်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013