Home
မြန်မာသတင်း
ဗိုလ်ချုပ်ဂွန်မော်ရေးသည့် တောင်အာဖရိကခရီး လူကြိုက်များနေ
DVB
·
October 2, 2016
ဗိုလ်ချုပ်ဂွန်မော်ရဲ့ တောင်အာဖရိကငြိမ်းချမ်းရေးခရီး သွားသာသွားရတယ်၊ ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေလို့ စိတ်ထဲ မသိုးမသန့် ခံစားရတယ်ဆိုတဲ့ ရေးသားချက် ဒီနေ့ အွန်လိုင်းမှာ လူကြိုက်များ နေပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် လက်ရေးနဲ့ သူ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ စာတမျက်နှာကို စိတ်ဝင်စားလို့ လိုက်ခ်ကြ ရှယ်ကြသူတွေ များနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁ရက် ရက်ရက်စွဲနဲ့ ရေးထားတဲ့ အဲ့ဒီစာထဲမှာ ပြည်တွင်းမှာ တိုက်ပွဲတွေ တိုးပြီး ဖြစ်နေပေမယ့် ကြိုတင် စီစဉ်ထားပြီးဖြစ်လို့ တောင်အာဖရိကခရီး ဒီနေ့ စတင်လိုက်တယ်၊ ခရီးမှာ မြန်မာအစိုးရ၊ မြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များ ပါဝင်တယ်၊ တောင်အာဖရိက အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်များက သူတို့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းချက် အတွေ့အကြုံတွေကို ဝေမျှကြမယ်လို့ သိရတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးစဉ် ဖြစ်ပေမယ့်လို့ မရပ်မနားဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စိတ်ထဲမှာ မသိုးမသန့် ခံစားရပါတယ်လို့ ရေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024