ဂက်စ်အရောင်းဆိုင်တွင် ဂက်စ်ဖလှယ်ရာမှ ပေါက်ကွဲမှုဖြစ်
DVB
·
September 30, 2016
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့မ ရဲစခန်းအနီးရှိ နေစင်္ကြာ ဂက်စ်အရောင်းဆိုင်တွင် စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီခန့်က ဂက်စ်ဖလှယ်ရာမှ ပိုက်ခေါင်းပြုတ်ထွက်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဂက်စ်ပေါက်ကွဲမှုကြောင့် ဆိုင်အကူလုပ်သားတဦး ဘယ်/ညာ ဒူးအောက်ခြေ နှစ်ဖက်တွင် လောင်ကျွမ်း၍ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး (မစိုးရိမ်ရ)ဖြင့် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါဂက်စ်ဆိုင်ဟာ ဒီတခါပေါက်ကွဲတာနဲ့ဆို ၃ ကြိမ် မြောက်ပေါက်ကွဲတာဖြစ်ပြီး ဒီလိုသာ ခဏခဏပေါက်ကွဲနေမယ်ဆိုရင် အနီးအနားဆိုင်တွေအတွက်ကော မြို့နယ် မီးဘေး အန္တရာယ်အတွက်ပါ စိုးရိမ်စရာကောင်းတဲ့အတွက် ဒီလိုအန္တရာယ်ရှိနိုင်တဲ့ ဆိုင်တွေကို မြို့တွင်းမှာ မထားသင့်ဘူးလို့ အနီးအနားရှိ ဈေးဆိုင်တွေက ဒီဗွီဘီ ကိုပြောပါတယ်။
ပေါက်ကွဲမှုကြောင့် နေစင်္ကြာ ဂက်စ်အရောင်းဆိုင်ပိုင်ရှင်ကို မြို့မ ရဲစခန်းမ က ဘးအန္တရယ် ရှိပြီး ပေါက်ကွဲစေတတ်တဲ့ အရာကိုပေါ့လျှော့စွာ ကိုင်တွယ်ပြီး နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ-၂၈၆ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်