လယ်ယာမြေ အသိမ်းခံရသည့် လယ်သမားများ အိုးအိမ်ရုံးရှေ့ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
October 27, 2011
ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်ပြီး ခရမ်းနှင့် တောင်ဒဂုံမြို့နယ်မှ လယ်သမားတွေက ဒီကနေ့ မနက် ၉ နာရီကျော်လောက်မှာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အိုးအိမ်ဝန်ကြီးဌာနရုံးရှေ့တွင် လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြပါတယ်။
လယ်ယာစိုက်ပျိုးခွင့် ပြန်လည်ရရှိရေး၊ လန ၃၉ အမိန့်ရုပ်သိမ်းပေးရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး လယ်သမား ၃၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတဲ့ လယ်သမားတွေ ရောက်ရှိပြီး ၁၀ မိနစ်အတွင်းမှာ အာဏာပိုင်တွေက လာရောက် ဖယ်ရှားခိုင်းပါတယ်။ လုံထိန်းက ၈ စီးနဲ့ လာရောက် ဖယ်ရှားခိုင်းတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူ ကိုဖိုးဖြူကို အစိုးရအရာရှိကြီးတဦးက ခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။
Read more