Homeသတင်းဓာတ်ပုံ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၀မ်းတွင်းမြို့နယ်တွင် လယ်ယာမြေများနှင့် တံတားများ ပျက်စီး
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၀မ်းတွင်းမြို့နယ်တွင် လယ်ယာမြေများနှင့် တံတားများ ပျက်စီး
DVB
·
September 30, 2016
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်း စက်တင်ဘာလ ၂၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကျေးရွာတွေရှိ လယ်ဧက ၇၀ ရေနစ်မြုပ်ပျက်စီးခဲ့ပြီး ကျေးရွာ လမ်းတံတားတွေလည်း ပျက်စီးခဲ့ရပါတယ်။
“လယ်ဧက ၇၀ လောက်ရေမြုပ်သွားတယ်။ ရေကျသွားရင်တောင် ဆောင်းတွင်းပိုင်း ဝင်တော့မှာမို့ စပါးရဖို့ မမျှော်ရဲတော့ဘူး”လို့ ဆူးပန်းရွာနေ ကိုဆန်းဝင်းက ပြောပါတယ်။
“အလယ်ပိုင်မိုးနည်းရပ်ဝန်းက တနှစ်လုံးမိုးရေချိန်လက်မ ၄၀ နီးပါး ရွာတတ်တာကို ခုစက်တင်ဘာလထဲမှာတင် ၁၁ လက်မလောက်ရွာသွားတာ” လို့ စိုက်ပျိုးရေးမန်နေဂျာ ဦးအောင်သိန်းက ပြောပြပါတယ်။
“လိတ်တက်ရွာတံတား၊ ဘုတ်နေရိုးတံတား ၂ ခုနဲ့ လမ်းတွေကို အမြန်ဆုံး ပြန်လည်လုပ်ဆောင်ပေးသွားမှာပါ”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုစိုးမင်းထက်က ပြောပါတယ်။
သတင်း - မောင်မောင်လင်း (ဝမ်းတွင်း)