DVB Logo
Home
မြန်မာသတင်း
မြို့ပြနေထိုင်သူတိုးလာတာကြောင့် တန်ဖိုးနည်းအိမ်ရာလိုအပ်ချက် ဆက်လက်ဖြစ်ပေါ်နေဟုဆို
DVB
·
September 30, 2016
မြို့ပြနေထိုင်သူတိုးလာတာကြောင့် တန်ဖိုးနည်းအိမ်ရာလိုအပ်ချက် ဆက်လက်ဖြစ်ပေါ်နေဟုဆို
Donate to DVB

မြန်မာနိုင်ငံရဲ့ မြို့ပြနေထိုင်သူ နှုန်းထားမှာ နှစ်စဉ် နှစ်ရာခိုင်နှုန်းခန့် တိုးတက်နေပြီး အဆိုပါတိုးတက်မှုနှုန်းထားမှာ နိုင်ငံတကာ လူဦးရေတိုးတက်မှု နှုန်းထားများနှင့် နှိုင်းယှဉ်ပါက အလွန်များပြားတဲ့ တိုးတက်မှု နှုန်းထားဖြစ်နေကြောင်း တွေ့ရှိရသည့်အတွက် နောင်မှာ မြန်မာနိုင်ငံရဲ့  တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်မှာ ဆက်လက်ဖြစ်ပေါ်နေဦးမယ်လို့ UN-habitat မှ Urban Programme Specialist ဖြစ်သူ Mr. Jack Finegan က ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံခဲ့တဲ့ ရလဒ်တွေရဲ့ ကိန်းဂဏန်း ဖော်ပြချက် အခြေအနေတွေအရ အနာဂတ်ကာလတွေမှာ အိမ်ရာအခန်းပေါင်း တသန်းခွဲခန့်ကနေ နှစ်သန်းခန့်အထိ လိုအပ်မှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ အိမ်ရာပေါင်း နှစ်သန်းခန့်အထိ လိုအပ်မှာဖြစ်ကြောင်း   သူက ဆက်လက်ပြောပါတယ်။

ရန်ကုန်မြို့ လူဦးရေရဲ့  ၇၅ ရာခိုင်နှုန်းမှာ ကျပ်နှစ်သိန်းအောက်ပဲ ၀င်ငွေရှိနေတာကြောင့် နေစရာအတွက် တလကျပ် ၆၅၀၀၀ ပဲ ကုန်ကျသင့်ကြောင်းနဲ့  အစိုးရ၊ အဖွဲ့အစည်းတွေ ပူးပေါင်းဖို့ လိုအပ်ကြောင်း ပြည်တွင်းအိမ်ခြံမြေ ၀က်ဘ်ဆိုက်ဖြစ်သည့် House.com.mm က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အိမ်ရာလိုအပ်ချက် ပြည့်မီဖို့ဆိုရင် အစိုးရဌာန အဖွဲ့အစည်းတွေ၊ ဘဏ်တွေနဲ့ တခြား Financial Institution  တွေ၊ Private Sector Developer တွေနဲ့ တခြားသော Stakeholder  တွေအနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ လိုအပ်မှာဖြစ်ကြောင်း  House.com.mm မှ Cofounder က ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013