မြန်မာနှင့် ကိုလံဘီယာ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူ
DVB
·
September 29, 2016
မြန်မာနဲ့ ကိုလံဘီယာနိုင်ငံတို့အကြား သံတမန်နဲ့ အထူးဝန်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်တွေအတွက် ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပြုရေး သဘောတူစာ ချုပ်ချုပ်ဆိုလိုက်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဖို့နဲ့ ခရီးသွားလာမှုလွယ်ကူ အဆင်ပြေစေ ရန်ရည်ရွယ်ပြီး စက်တင်ဘာ ၂၀ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်နဲ့ ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ တာဖြစ်ပါတယ်။