DVB Logo
Home
မြန်မာသတင်း
စားသုံးဖို့မသင့်သည့် အစားအစာ ရောင်းချမှုရှိ၊ မရှိ စာသင်ကျောင်း မုန့်ဆိုင်များကို စစ်ဆေး
DVB
·
September 29, 2016
စားသုံးဖို့မသင့်သည့် အစားအစာ ရောင်းချမှုရှိ၊ မရှိ စာသင်ကျောင်း မုန့်ဆိုင်များကို စစ်ဆေး
1 / 3
Donate to DVB

မန္တလေးမြို့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဦးဆောင်ပြီး စာသင်ကျောင်းတွေမှာ ရောင်းချတဲ့ မုန့်ဆိုင်တွေမှာ အစားအစာ ရောင်းချနေမှုတွေကို ၀င်ရောက် စစ်ဆေးခဲ့ပါတယ်။

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၆ မှာ ရောင်းချနေတဲ့ မုန့်ဆိုင်တွေမှာ စားသုံးဖို့မသင့်တဲ့ စားသောက်စရာတွေ ရောင်းချနေတာ ရှိ၊ မရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က ၀င်ရောက်စစ်ဆေးခဲ့တာပါ။

ဆေးဝါးကွပ်ကဲရေးဌာနမှ ဒေါက်တာကျော်ကျော်က “ကျောင်းမုန့်ဈေးတန်းတွေ ကျနော်တို့ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးကတော့ ၂၀၁၄ လောက်ကတည်းက စလုပ်နေတဲ့ စီမံချက်ပါ။ ခု ဒီနေ့မှာတော့ ကျနော်တို့က မန္တလေးတိုင်းထဲမှာရှိတဲ့ ကျောင်းတွေအကုန်လုံးကို  FDA က ပြည်သူ့ကျန်းမာရေးရယ်၊ ကျန်တဲ့ ကော်မတီအဖွဲ့တွေပေါ့နော်။ စည်ပင်တို့၊ ထွေအုပ်တို့နဲ့ ပေါင်းပြီးတော့ မုန့်ဈေးတန်းတွေရဲ့ မုန့်တွေ နမူနာဝယ်ပြီးမှ ပြန်ပြီး ကျနော်တို့ စစ်ဆေးတာပေါ့နော်” လို့ ပြောပါတယ်။

ဒီကျောင်းမှာ မုန့်ဆိုင် ၅၄ ဆိုင်က ရောင်းချနေတဲ့ မုန့်အမျိုးပေါင်း ၃၀ ကျော်ကို စစ်ဆေးဖို့အတွက် နမူနာဝယ်ယူခဲ့ပြီး စားသုံးဖို့မသင့်တဲ့ အမှတ်တံဆိပ်တွေ ပါရှိလာခဲ့ရင် ထုတ်ပြန်ကြေညာသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက အခုလို တစိုက်မတ်မတ် လိုက်လံစစ်ဆေးနေတဲ့အတွက် အရင်နှစ်တွေကထက်စာရင် စားသုံးဖို့မသင့်တဲ့ အစားအသောက်တွေ လျော့ကျလာတယ်လို့ ကျောင်း ဈေးဆိုင်ခန်းကြီးကြပ်မှု ကော်မတီမှ ဆရာမ ဒေါ်ခင်လုံက ပြောပါတယ်။

“ကျမတို့မသိသေးတဲ့ အချက်အလက်တွေလည်း တိုးပြီး သိသွားရတယ်။ ကျမတို့ သတိမထားမိတဲ့ အချက်အလက်တွေလည်း သိသွားရတယ်။ နဂိုကလည်း ကျမတို့က ကျောင်းဈေးဆိုင် ကြီးကြပ်မှုကော်မတီအနေနဲ့ အသင်းငါးသင်း ဦးဆောင်ပြီးတော့ ၅ ရက်ပေါ့။ တနင်္လာ၊ အင်္ဂါ၊ သောကြာအထိ ၅ ရက်ကို အသင်းလိုက် လှည့်လည်ပြီးတော့ စစ်ဆေးပါတယ်။ စစ်ဆေးတော့ အားနည်းချက်၊ အားသာချက် တွေ့ရသလို ကျမတို့ကတော့ အရင် စစ်ဆေးတဲ့အချိန်တုန်းက ဒီလို အသေးစိတ်တွေ မသိဘူး။ အခု သူတို့လာပြီးတော့ ဆွေးနွေးသွားတဲ့အတွက်ကြောင့် ဘာတွေကို အဓိကထား စစ်ဆေးရမယ်၊ ဘာတွေအလေးထားပြီး စစ်ဆေးရမယ်ဆိုတာ သိလည်း သိသွားပါတယ်။”

၂၀၁၄-၂၀၁၅ ခုနှစ်က မန္တလေးတိုင်းအတွင်း ၂၆ ကျောင်းက မုန့်အမျိုးပေါင်း ၂၇၉ မျိုးကို နမူနာ ၀ယ်ယူစစ်ဆေးခဲ့ရာ စားသုံးရန်မသင့်တဲ့ မုန့် ၄ မျိုးကို ထုတ်ပြန်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ စာသင်ကျောင်း ၂၀ က မုန့်အမျိုးပေါင်း ၂၃၃ မျိုးကို ထပ်မံစစ်ဆေးရာမှာတော့ စားသုံးဖို့မသင့်တဲ့ မုန့်တမျိုးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013