မန္တလေးရှိ ဂဏန်းနှစ်ကောင်ခေါက်ဆွဲစက်ရုံ မီးလောင် (ဓာတ်ပုံ)
DVB
·
September 29, 2016
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၆x၈၇ လမ်းကြား၊ ၃၅ - ၃၆လမ်းကြား ရှိ ဂဏန်းနှစ်ကောင် ခေါက်ဆွဲစက်ရုံ ညနေ ၃နာရီကျော်ခန့်က ခေါက်ဆွဲအပူပေးခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ နှစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။
မီးသတ်ကားများ အချိန်မှီလာရောက်ငြိမ်းသတ်နိုင်တဲ့အတွက် ဘေးအိမ်တွေကို ကူးစက်မှု မရှိခဲ့ပါဘူး။ အမှတ် ၇ နယ်မြေရဲစခန်းမှ ပုဒ်မ ၂၈၅ ပေါ့ဆမူဖြင့် အရေးယူထားတယ်လို့ သိရပါတယ်။