DVB Logo
Home
မြန်မာသတင်း
ကျောက်ပန်း​တောင်း​တွင် ကမ္ဘာလှည့်​ခရီး​သည်ကိုသတ်သူ ​သေဒဏ်စီရင်ခံရ
DVB
·
October 26, 2011
Donate to DVB

ကမ္ဘာလှည့်​ခရီး​သည် ဂျပန်အမျိုး​သမီး​ ​သေဆုံး​ခဲ့​တဲ့​ပြစ်မှုအတွက် တရား​ခံ ကိုမင်း​သိုက်ကို မန္တ​လေး​တိုင်း​ မြင်း​ခြံခရိုင်တရား​ရုံး​က ဒီလ ၁၈ ရက်​နေ့​မှာ ​သေဒဏ်ချမှတ်လိုက်ပါတယ်။

တရား​ခံ ကိုမင်း​သိုက်ကို ရန်ကုန်အင်း​စိန်​ထောင်ကို ပို့​ဆောင်လိုက်ပြီလို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​စက်တင်ဘာ ၂၈ ရက်မှာ ​ကျောက်ပန်း​တောင်ရဲစခန်း​က ဂျပန်အမျိုး​သမီး​အ​လောင်း​ကို ​ကျောက်ပန်း​တောင်း​မြို့နဲ့​ ၁၂ မိုင်အကွာက ​တောတွင်း​တ​နေရာမှာ ​တွေ့​ခဲ့​ပါတယ်။

အဲဒီ​နောက် အ​လောင်း​ကို ​ဆေး​စစ်ရာမှာ မုဒိမ်း​ပြုကျင့်​ပြီး​ သတ်လိုက်တာလို့​ မြင်း​ခြံတရား​ရုံး​က ဆုံး​ဖြတ်ခဲ့​ပြီး​ မုဒိမ်း​၊​ လူသတ် နှစ်မှုအတွက် ​သေဒဏ်ချမှတ်တာလို့​ ​ကျောက်ပန်း​တောင်း​ ​ဆေး​ရုံသတင်း​ရပ်ကွက်က ဆိုပါတယ်။

ဒေသခံ​တွေအဆိုအရ အဲဒီအမျိုး​သမီး​ဟာ ကား​လက်မှတ်ဝယ်ပြီး​မှ အဆိုပါ ဆိုင်ကယ်တက္ကစီသမား​နဲ့​ ​ပြောင်း​လိုက်သွား​တာဖြစ်ပြီး​ အခင်း​ဖြစ်တဲ့​အရပ်က ရွာသူသုံး​ဦး​က ​တွေ့​ရှိပြီး​ ရွာသား​တွေ ဝိုင်း​ဝန်း​ဖမ်း​ဆီး​ပေး​ခဲ့​ပြီး​နောက် သက်ဆိုင်ရာ အဆင့်​ဆင့်​ကိုအပ်ပြီး​ ရဲလက်​ရောက်သွား​တာလို့​ ​ပြောဆိုကြပါတယ်။

သေဆုံး​သူ ဂျပန်အမျိုး​သမီး​ရော၊​ တရား​ခံ​ရောနှစ်ဦး​စလုံး​ အသက် ၃၀ ခန့်​အရွယ်​တွေဖြစ်ကြပြီး​ တရား​ခံမှာ ဇနီး​နဲ့​က​လေး​တဦး​ ကျန်ရစ်တယ်လို့​ မြို့​ခံက ​ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့​ ဂျပန်သံရုံး​က ဂျပန်အမျိုး​သမီး​အ​လောင်း​ကို ပြန်လိုချင်​ကြောင်း​နဲ့​ တရား​ခံကို ဘယ်လိုအ​ရေး​ယူမယ်ဆိုတာ ​စောင့်​ကြည့်​နေတယ်လို့​ မြန်မာအာဏာပိုင်​တွေကို နှစ်ချက်​တောင်း​ဆိုခဲ့​တယ်ဆိုတဲ့​သတင်း​ ​ကျောက်ပန်း​တောင်း​မှာ ကျယ်ကျယ်ပြန့်​ပြန့်​ထွက်​နေပါတယ်၊

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013