DVB Logo
Home
မြန်မာသတင်း
တက္ကစီသမားကို လူငှားရိုက်ခိုင်းသူနှင့် ၀ိုင်းရိုက်သူ လူတအုပ် ဖမ်းဆီး
DVB
·
September 29, 2016
တက္ကစီသမားကို လူငှားရိုက်ခိုင်းသူနှင့် ၀ိုင်းရိုက်သူ လူတအုပ် ဖမ်းဆီး
Donate to DVB

ရန်ကုန်မှာ တက္ကစီကားမောင်းသူတဦးကို လူငှားရိုက်ခိုင်းသူနဲ့ ရိုက်တဲ့သူတအုပ်ဖမ်းမိတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဒေါပုံမြို့နယ်က တက္ကစီကားမောင်းတဲ့ ဦးမြတ်သူရထွန်း ဆိုသူ မောင်းတဲ့ကားကို လူ ၄ဦးက သန်လျင်သွားမယ်လို့ငှားသွားပြီး သန်လျင် ၆ လမ်းသွားလမ်းဆုံမှာ ၀ိုင်းရိုက်ခဲ့ကြတာဖြစ်ပါတယ်။

သတင်းကြားတာနဲ့ သန်လျင်မြို့မရဲစခန်းက လှည့်ကင်းမီးတန်းယာဉ်တာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၆၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ၆ လမ်းသွားလမ်းဆုံအနီးမှာပဲ ဖမ်းမိခဲ့ပါတယ်။

ကျူးလွန်သူ သန်လျင်မြို့နယ်နေသူများဖြစ်တဲ့ သန့်ဇင်ဦး (၂၂)နှစ်၊ အငွေလေး (၄၃)နှစ်၊ ဇော်ဝင်း (၄၇)နှစ်၊ ကျော်မိုးခိုင် (၃၇)နှစ်နှင့် ၀င်းရွှေ၊ (၅၀)နှစ်တို့ ၅ ဦးကို စစ်ဆေးတဲ့အခါ သူတို့ကို သာကေတနဲ့ ဒေါပုံမှာနေတဲ့ ဇော်ဝင်း(ခ)ဇော်ကြီးနဲ့ ဆန်းဦးတို့က ငွေကျပ် ၇ သိန်း ပေးပြီး ရိုက်ခိုင်းတာလို့ ထွက်ဆိုခဲ့ကြပါတယ်။

ဦးမြတ်သူရထွန်းဟာ သူတို့ မိသားစုစိတ်ဝမ်းကွဲအောင် ပြောခဲ့လို့ အခုလို လူငှားရိုက်ခိုင်းခဲ့တာ ဖြစ်ကြောင်း ဇော်ဝင်းက ရဲစခန်းမှာ ထွက်ဆိုပါတယ်။

သူတို့အားလုံးကို ပြစ်မှုကျူးလွန်ရာမှာသုံးတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ သန်လျင်ရဲစခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013