Homeသတင်းဓာတ်ပုံ
ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျစေရေး ကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ
ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျစေရေး ကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ
DVB
·
September 29, 2016
ကျောင်းသားလူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲခြင်းလျော့ကျလာစေဖို့နဲ့ အားကစားစိတ်ဓာတ်ရှိ လာစေဖို့ ပထမဆုံးအကြိမ် တောင်ကြီးမြို့ ကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပါတယ်။
အခြေခံပညာ ကျောင်းပေါင်းစုံ မာရသွန်ပြိုင်ပွဲမှာ မြို့နယ်အုပ်ချုပ်ရေးဖလား ဖြစ်ပြီးတောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်ခြံမှ သုံးမိုင်ခွဲ မီနီအပြေးပြိုင်ကြတာ ဖြစ်ပါတယ်။
အရင်က အားကစားပြုလုပ်ပေးခြင်းနည်းပါးတဲ့အတွက် လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လုယက် ခိုးယူမှုနဲ့အခြား လမ်းမှားပေါ်ရောက်တဲ့ လူငယ်တွေအများစုဖြစ်ခဲ့ပါတယ်။
တောင်ကြီးမြို့နယ် ကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲမှာ ၁၄ နှစ်အောက် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်က ယှဉ်ပြိုင်ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ခွန်ရာဇာ