DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်အိမ်အကူနှိပ်စက်မှုတွင် တိမ်းရှောင်နေသည့်အမျိုးသမီး လာရောက်အဖမ်းခံ
DVB
·
September 29, 2016
အင်းဝအပ်ချုပ်ဆိုင်အိမ်အကူနှိပ်စက်မှုတွင် တိမ်းရှောင်နေသည့်အမျိုးသမီး လာရောက်အဖမ်းခံ
Donate to DVB

ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးငယ် ၂ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့တာကြောင့် အရေးယူထားတဲ့ အမှုတွေကနေ တိမ်းရှောင်နေတဲ့ အမျိုးသမီးတဦး ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

တိမ်းရှောင်နေတဲ့ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တဦးဖြစ်တဲ့ မသီရိလတ်ဟာ စက်တင်ဘာ ၂၈ ရက် ည ၉ နာရီလောက်က ကျောက်တံတားမြို့မရဲစခန်းကို လာရောက်အဖမ်းခံခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

အိမ်အကူ မိန်းကလေး ၂ ဦး နှိပ်စက်ညှဉ်းပန်းမှုနဲ့ အင်းဝအပ်ချုပ်ဆိုင်က ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်း၊ မသီရိလတ်တို့ကို ကျောက်တံတားမြို့မ ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၉/၂၄/၃၂၊ ရာဇသတ်ကြီးပုဒ်မ - ၃၂၆/၃၂၅/၃၄၄/၁၁၄ နှင့် ရဲအရေးမပိုင်မှု အမှတ်စဉ် (၄၀/၂၀၁၆)၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆(ဃ) တို့နဲ့ အရေးယူ ဆောင်ရွက်နေတာဖြစ်ပါတယ်။

၁၇ နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ် မိန်းကလေး ၂ ဦးကို အင်းဝအပ်ချုပ်ဆိုင်မှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က အိမ်အကူအဖြစ် စေခိုင်းခဲ့တာဖြစ်ပြီး အဲဒီ့ကာလတွေမှာ ၁၇ နှစ်အရွယ် မိန်းကလေးရဲ့ လက်ဆစ်တွေကို ချိုးတာတွေ၊ လက်၊ လည်ပင်းနဲ့ မျက်နှာတွေကို ဓားနဲ့မွှန်းတာ၊ ကတ်ကြေးနဲ့ထိုးတာတွေ၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးရဲ့ နှာခေါင်းကို လှီးဖြတ်တာတွေ ပြုလုပ်ခဲ့လို့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013