A d v e r t i s e m e n t With Us

စစ်​ရေး​အရဖိအား​ပေး​၍ ရပ်တည်ချက်​ပြောင်း​မည်မဟုတ်ဟု ​ကေအိုင်အို​ပြော

အစိုး​ရတပ်​တွေက ​ကေအိုင်အိုကို စစ်​ရေး​အရ ဆက်လက်တိုက်ခိုက်​နေ​ပေမယ့်​ ​ကေအိုင်အိုက မူလကိုင်စွဲထား​တဲ့​ တနိုင်ငံလုံး​အပစ်ရပ်​ရေး​နဲ့​ တပ်​ပေါင်း​စုနဲ့​ ​ဆွေး​နွေး​မယ်ဆိုတဲ့​ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲသွား​မယ်လို့​ ​ပြောပါတယ်။ နှစ်ဘက်အကြား​ အပစ်ရပ်ပျက်ပြယ်တဲ့​ ဇွန်လဆန်း​ကစလို့​ အစိုး​ရဘက်က ဒီလအတွင်း​ ပွင့်​လင်း​ရာသီမှာ ထိုး​စစ်အတွက် ပြင်ဆင်မှု​တွေလုပ်လို့​ တိုက်ပွဲ​တွေ ​နေ့​စဉ်ရက်ဆက်ဖြစ်ပွား​နေပါတယ်။ အခုအခါ အကြီး​တန်း​စစ်​ခေါင်း​ဆောင်​တွေဦး​စီး​ပြီး​ တိုက်​လေယာဉ်​တွေပါ သုံး​မယ်ဆိုတဲ့​ သတင်း​တွေလည်း​ ကြား​သိထား​ပေမယ့်​ ​ကေအိုင်အိုရပ်တည်ချက်ကို​တော့​ မ​ပြောင်း​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။ “ကျ​နော်တို့​က​တော့​ အဲဒီရပ်တည်ချက်ကို ဒီတိုင်း​ပဲ ဆုတ်ကိုင်သွား​ဖို့​ပါ။ တခြား​ပြောင်း​လဲမှု ဘာမှအစီအစဉ်မရှိဘူး​။” အစိုး​ရဘက်က မြစ်ကြီး​နား​နဲ့​ ဗန်း​မော်ကား​လမ်း​ပိုင်း​ကို စိုး​မိုး​နိုင်​ရေး​ကြိုး​ပမ်း​လို့​ ​နေ့​စဉ်လို ဆယ်ရက်ခန့်​ တိုက်ပွဲ​တွေဖြစ်​နေဆဲဖြစ်ပြီး​ တိုး​မ​ပေါက်​သေး​ဘဲဖြစ်​နေဆဲပါ။ ဒီလမ်း​ကြောင်း​ကို မစိုး​မိုး​နိုင်​သေး​တဲ့​အတွက် အစိုး​ရဘက်က စစ်ဆင်​ရေး​အရှိန် မမြှင့်​နိုင်ဖြစ်​နေတယ်လို့​ ဦး​လနန်း​က သုံး​သပ်ပါတယ်။ အခုချိန်မှာ လိုင်ဇာဌာနချုပ်မှာ လက်ခံ​စောင့်​ရှောက်ထား​တဲက့​ ​ထောင်ချီတဲ့​ စစ်​ပြေး​ ဒုက္ခသည်​တွေကို အ​ပြောင်း​အ​ရွှေ့​မလုပ်​သေး​ပါဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။ “တခြား​ရွှေ့​ပြောင်း​စရာ ​နေရာလည်း​မရှိပါဘူး​။ ဒါက ဒုက္ခသည်​တွေရဲ့​ ​နောက်ဆုံး​နေရာလို့​ ​ပြောရမယ်။ ဒီထက်ပိုပြီး​ ဆိုး​ဝါး​ပြီး​မှ လိုင်ဇာထိ တိုက်ပွဲကြီး​တွေ ဖြစ်ပွား​လာရင်​တော့​ ဒါကတမျိုး​ဖြစ်သွား​မှာ​ပေါ့​။ အခုထက်ထိ​တော့​ ဒုက္ခသည်​တွေက လိုင်ဇာပတ်ပတ်လည်မှာ သူတို့​နေရာချထား​ပေး​တာပဲ ရှိ​သေး​တယ်။” ကေအိုင်အိုနဲ့​ ကူညီကယ်ဆယ်​ရေး​အဖွဲ့​တွေရဲ့​ပြောဆိုချက်အရ စစ်​ပြေး​ဒုက္ခသည် နှစ်​သောင်း​နဲ့​ သုံး​သောင်း​အကြား​ရှိ​နေပြီး​ အများ​စုက က​လေး​နဲ့​ အမျိုး​သမီး​တွေလို့​ ဆိုပါတယ်။ ကေအိုင်အိုဟာ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေစုဖွဲ့​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီရဲ့​အဖွဲ့​ဝင်ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up