DVB Logo
Home
မြန်မာသတင်း
ပြင်ဦး​လွင် လယ်သမား​များ အစိုး​ရကို တရား​စွဲ​တော့​မည်
DVB
·
October 26, 2011
Donate to DVB

ပြင်ဦး​လွင်မြို့​နယ် ​ညောင်ကုန်း​ရွာမှာ လယ်သိမ်း​ခံလယ်သမား​တွေကို တရား​ရုံး​မှာ စစ်​ဆေး​နေပြီဖြစ်သလို လယ်သိမ်း​ခံလယ်သမား​တွေဘက်ကလည်း​ လယ်သိမ်း​သူ အာဏာပိုင်​တွေကို မကြာခင်ရက်ပိုင်း​အတွင်း​ ပြန်လည်တရား​စွဲဆို​တော့​မယ်လို့​ လယ်သမား​တွေဘက်က တရား​ရုံး​ချုပ်​ရှေ့​နေ ဦး​မြင့်​သွင်က ​ပြောပါတယ်။

လယ်သိမ်း​ခံရတဲ့​ လယ်သမား​ ၁၀၀ ​ကျော်ထဲက ၃၇ ဦး​ကလည်း​ တရား​ပြန်လည်စွဲဆိုဖို့​ အဆင်သင့်​ဖြစ်​နေပြီလို့​ ဦး​မြင့်​သွင်က ​ပြောပြပါတယ်။

“ယာ​မြေဆုံး​ရှုံး​တာ​တွေ၊​ သီး​နှံဆုံး​ရှုံး​တာ​တွေကို အား​လုံး​တန်ဖိုး​တွေ ​ပေါင်း​ ပြီး​တော့​ တရား​မနစ်နာမှုစွဲမှာ။ သမဝါယမ လီမိတက် ဥက္ကဋ္ဌကိုစွဲမှာ။ ရွာသား​တွေ လက်မှတ်​တွေထိုး​နေပါပြီ။ ဆုံး​ရှုံး​တဲ့​လယ်​မြေဧက​တွေရယ်၊​ ဆုံး​ရှုံး​တဲ့​ သီး​နှံဧက​တွေ၊​ သီး​နှံ​တွေကို တန်ဖိုး​တွေတွက်ချက်ပြီး​ ပြန်စွဲဖို့​အတွက် ပြင်ဆင်​နေပါပြီ။ ပါဝါလွှဲ​ပြောင်း​လက်မှတ်ထိုး​တာတို့​ လုပ်​နေပါတယ်။”

ဖြစ်စဉ်က လွန်ခဲ့​တဲ့​ ၂၀၀၈ ခုနှစ်​လောက်က အစိုး​ရ ​ကော်ဖီစိုက်ခင်း​အတွက်ဆိုပြီး​ လယ်​မြေဧက ၅၀၀ ကိုသိမ်း​ရာက စတာပါ။

ဒီနှစ်လယ်ပိုင်း​မှာ ရွာသား​တွေက သိမ်း​ထား​တဲ့​သူတို့​လယ်​ပေါ်မှာစိုက်ထား​တဲ့​ ​ကော်ဖီပျိုး​ခင်း​အတွက် အရိပ်ရအပင်​တွေကို ဖျက်ဆီး​ခဲ့​တဲ့​အတွက် လယ်သမား​ ၉ ဦး​ ဖမ်း​ဆီး​ချုပ်​နှောင်ခံထား​ရပြီး​ အကျိုး​ပျက်စီး​စေမှု၊​ မီး​ရှို့​မှုနှစ်မှုနဲ့​ တရား​စွဲခံရပါတယ်။

ဒီလ ၁၄ ရက်​နေ့​က တကြိမ်စစ်​ဆေး​ခဲ့​ပြီး​ မနက်ဖြန်ကျရင်လည်း​ ရုံး​ချိန်း​ထား​တယ်လို့​ ဦး​မြင့်​သွင်က ​ပြောပါတယ်။

ရှေ့​နေဦး​မြင့်​သွင်ဟာ ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်လာပြီး​တဲ့​နောက် ဖွဲ့​စည်း​ခဲ့​တဲ့​ ​ရှေ့​နေများ​ကွန်ရက် အဖွဲ့​ဝင်တဦး​ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013