DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ရွာသား​များ​အ​ပေါ် လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ပါက တိုင်ကြား​နိုင်
DVB
·
October 26, 2011
Donate to DVB

ရှမ်း​ပြည်နယ်မှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရရင် လာ​ရောက်တိုင်ကြား​နိုင်တယ်လို့​ ကျား​ဖြူပါတီက ​ပြောကြား​လိုက်ပါတယ်။

တိုင်း​ရင်း​သား​ဒေသ​တွေမှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရရင် မည်သူမဆို တိုင်တန်း​နိုင်တယ်လို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က ဒီလ ၂၀ ရက်​နေ့​မှာ ​ပြောဆိုခဲ့​အပြီး​ ကျား​ဖြူပါတီက ကမ်း​လှမ်း​လိုက်တာပါ။

ကျား​ဖြူပါတီရဲ့​ လဲချား​မြို့​နယ်က ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​စိုင်း​မောင်တင်က “လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရတယ်ဆိုရင် လာ​ရောက်တိုင်ကြား​လို့​ရပါတယ်။ သူရဦး​ရွှေမန်း​ကလည်း​ လွှတ်​တော်မှာ​ပြောပြီး​သား​ ဖြစ်တယ်။ တကယ်လို့​ တပ်နဲ့​ပြည်သူနဲ့​ ဖြစ်လာတဲ့​ပြဿနာ​တွေကို လွှတ်​တော်ကို စာရင်း​ဇယား​ အတိအကျနဲ့​ အချက်အလက် အတိအကျနဲ့​ တိုင်လာရင် ထိထိ​ရောက်​ရောက် အ​ရေး​ယူမယ်ဆိုတာ ​ကြေညာသွား​တယ်” လို့ ပြောပါတယ်။

ပြီး​ခဲ့​တဲ့​လက အစိုး​ရတပ်က ​ဒေသခံရွာသား​တွေကို ရိုက်နှက်ခဲ့​တဲ့​ကိစ္စကို ကျား​ဖြူပါတီက ဝင်​ရောက်ညှိနှိုင်း​ပေး​တာ ​ပြေလည်မှုရခဲ့​တယ်လို့​ ဆိုပါတယ်။

“သာဓကတခုပြရမယ်ဆိုရင် စစ်​ကြောင်း​ထိုး​ရင်း​နဲ့​ ရွာသား​တွေနဲ့​ ကတောက်ကဆဖြစ်တယ်။ ရွာသား​တွေက ထိုး​ကြိတ်ခံရတယ်။ ကျား​ဖြူပါတီကို သွား​တိုင်တဲ့​အခါကျ​တော့​ အဲဒီမှာ အက်စ်ဘီတို့​ စရဖတို့​ ကျား​ဖြူပါတီက​နေ ညှိနှိုင်း​ပြီး​တော့​ ​ဆွေး​နွေး​ကြတဲ့​အခါမှာ ရွာသား​တွေကို ပိုက်ဆံသုံး​သောင်း​နဲ့​ ငါး​ထောင် နစ်နာ​ကြေး​ ​ဆေး​ဖိုး​ဝါး​ခ​ပေး​ပါတယ်။ ​ပြေလည်သွား​ပါတယ်။ ရွာသား​လည်း​ ​ကျေနပ်ပါတယ်။”

ကွန်ဟိန်း​လွတ်​တော်အမတ် နန်း​ဝါနုကလည်း​ ​ကျောက်မဲမြို့​နယ်မှာ ရွာသား​ နှစ်​ယောက်ကို တပ်မ​တော်က စက်တင်ဘာမှာ ပစ်ခတ်​သေဆုံး​တဲ့​ကိစ္စကို အ​ရေး​ယူ ​ဆောင်ရွက်​နေတဲ့​အ​ကြောင်း​၊​ ပြည်သူ​တွေအ​နေနဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရတယ်လို့​ ယူဆရင် ကျား​ဖြူပါတီကို တိုင်ကြား​နိုင်သလို ​နေပြည်​တော်မှာရှိတဲ့​ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်ကို​ရော တိုင်း​ရင်း​သား​ရေး​ ရာနဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှု​ကော်မတီ​တွေကိုလည်း​ တိုင်ကြား​နိုင်တယ်လို့​ ​ပြောသွား​ပါတယ်။

တိုင်တန်း​လိုတဲ့​ ပြည်သူ​တွေက အဖြစ်မှန်ကို မ​ကြောက်မရွံ့​နဲ့​ အချက်အလက်အပြည့်​အစုံနဲ တိုင်တန်း​ကြဖို့​လိုအပ်တယ်လို့​ သူက ဖြည့်​စွက်​ပြောသွား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013