သကြားများ တင်ဆောင်လာသည့် ၂၂ ဘီးယာဉ်တိမ်းမှောက်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရန်ကုန် - မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၇/၇ အနီးတွင် စက်တင်ဘာ ၂၈ ရက် မနက် ၈ နာရီလောက်က သကြားတင်ဆောင်လာတဲ့ ၂၂ ဘီးယာဉ်တိမ်းမှောက်ခဲ့ပါတယ်။ ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ယာဉ်အမှတ် 3H4168 စိမ်း/ဝါရောင် ၂၂ ဘီးယာဉ်ဟာ သကြားတွေ တင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ရေမြောင်းထဲကို ထိုးဆင်းတိမ်းမှောက်သွားခဲ့တာလို့ ရဲအုပ်စန်းလွင် က ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ပါဘူး။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းကို (အများပြည်သူသွားလာရာလမ်းမပေါ်တွင် ယာဉ် မဆင်မချင် မောင်းနှင်ခြင်း) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ဖြင့် ညောင်လေးပင် မြို့မရဲစခန်းက အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up